အမှန်အမှားကို တရားရုံးက ဆုံးဖြတ်ပေးပါလိမ့်မယ်။

ဒီနေ့ရုံးချိန်းကိုတော့ သရုပ်ဆောင် ဝေဠုကျော်နဲ့ သင်းသင်းတို့ တက်ရောက်ခဲ့ပါတယ်။ တရားစွဲဆိုခံထားရသူဘက်က အမှုကျေအေးပေးဖို့အတွက် သူမဆီ လာရောက်ညှိနှိုင်းမှုတွေ ရှိနေတယ်လို့ ပြောပေမယ့် ဝေဠုကျော်ဘက်က အဲဒီလိုမျိုး သွားရောက်ညှိနှိုင်းခြင်းတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်က ဒီနေ့ (စက်တင်ဘာ၁၉ရက်)ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် ရှေ့ရုံးချိန်းမှာ ခွင့်ယူခဲ့ရတဲ့ ဝေဠုကျော်က သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ယခုလို ပြောပြခဲ့ပါသေးတယ်။

“ကျန်းမာရေးအခြေအနေကတော့ အစာအိမ်ကို မှန်ပြောင်းကြည့်တယ် အထဲမှာပိုးတစ်ခုတွေ့လို့ အဲ့ဒါတော့ ကုရမယ်။ ဆေးစားရမယ်ပေ့ါ။ ပြီးရင် ပြန်စစ်ကြည့်ရမယ်။ ကျွန်တော်ရုံးချိန်းပျက်တယ်ဆိုတာကလည်း ကျန်းမာရေးကြောင့်ပါ။ ရုံးတော်ကလည်း ခွင့်ပြုပေးပါတယ်” လို့ ဒီနေ့ ရုံးချိန်းအပြန်မှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

သူရုံးချိန်း မတက်ဖြစ်တဲ့ အပတ်မှာ တရားလိုဘက်က ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝေဠုကျော်က ယခုလို ပြန်ဖြေရှင်းခဲ့ပါတယ်။

 “ကျွန်တော့်ကို သူငယ်ချင်းတွေက လာပြောတဲ့ အထဲမှာ တစ်ခုတော့ ရှိတယ်။ ကျွန်တော့်ဘက်က သွားညှိတယ်ဆိုတဲ့ စကား တစ်ခုကတော့ ကျွန်တော်မညှိပါဘူး။ တကယ်ညှိခဲ့တယ်ဆိုရင် သက်သေပြပါ။ ကျွန်တော်မညှိခဲ့ပါဘူး။ကျွန်တော်အနေနဲ့ တောင်းပန်ဖို့လည်း အစီအစဉ်မရှိပါဘူး။ အမှန်အမှားက တရားရုံးက ဆုံးဖြတ့်ပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က သက်သေခံအဖြစ် တင်သွင်းထားတဲ့ သက်သေခံ ဖုန်းမှတ်တမ်းများကို တင်သွင်းခွင့်ပြုကြောင်း ရုံးတော်က အမိန့်ချမှတ်ခဲ့ပါတယ်။ သမီးရည်းစားနှစ်ယောက် အလာပသလာပ ပြောတဲ့စကားများကို ရုံးတော်သို့ တင်သွင်းခြင်းဟာ သိပ်ကို ရိုးရှင်းတာကြောင့် အသံဖိုင်များကို ထပ်မတင်ဖို့ စက်တင်ဘာ(၅)ရက်နေ့က တရားစွဲဆိုခံထားရတဲ့ ရှေ့နေက ကန့်ကွတ်ခဲ့ပါတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါတွေဟာ သက်သေခံ ဖိုင်တွေဖြစ်ပြီး အမှုစစ်ဖို့အတွက် လိုအပ်တာတွေ ဖြစ်နေတာကြောင့် ရုံးတော်က တင်သွင်းဖို့ ခွင့်ပြုခဲ့ပါတယ်။ဒါကြောင့် နောက်ထပ်ရုံးချိန်းမှာ သက်သေခံအဖြစ် တင်သွင်းထားတဲ့ အသံဖိုင်များကို နားထောင်ပြီး အမှုဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံရခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က