သားလေးကြောင့် ကြည်နူးရပါတယ်။

သားလေး သိဒ္ဒိစစ် ပျော်နေတာကိုကြည့်ပြီး မေမေ မယ်လိုဒီတစ်ယောက် စိတ်ချမ်းသာနေတယ်လို့ ဆိုပါတယ်။ သားလေးနဲ့အတူ အေးအေးဆေး ဆေးအနားယူနေတယ်လို့လည်း သိရပါတယ်။



Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

မယ်လိုဒီ နဲ့ သားလေး သိဒ္ဒိစစ်တို့ က Spa သွားပြီး သာသာယာယာအနားယူနေကြပါတယ်။ ခေါင်းလျှော်နေရင်း ပျော်နေတဲ့ သားလေးကို ကြည့်ပြီး မိခင်ဖြစ်သူရဲ့ ရင်ထဲမှာ ကြည်နူးပျော်ရွှင်ရတဲ့ အကြောင်းတွေကို အခုလို ရေးသားခဲ့ပါတယ်။

'' ဆံပင်ညှပ် ခေါင်းလျှော် သာသာယာယာဘဲ ကျေးဇူးတင်ရပါတယ်။ သားသမီးပျော်ရင် မိဘစိတ်ချမ်းသာရပါတယ်ရှင်။ မိဘ တွေ အားလုးံကို အထူးလေးစားမိပါတယ်။ သားသမီးတိုင်း လိမ္မာကြပါစေ။ ၇ရက်သားသမီးအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝ ကြပါ စေရှင်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၂၀ က သူ့ရဲ့ဖေ့စ်ဘွတ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

မေမေ မယ်လိုဒီထက် အိုက်တင်ကောင်းတဲ့ သားသားသိဒ္ဓိစစ် 

မယ်လိုဒီနဲ့ သားသား သိဒ္ဒိစစ် တို့ကတော့ Spa သွားပြီး ခေါင်းလျှော်နေကြရင်း ပြုံးပျော်နေတဲ့ သားလေး သိဒ္ဒိစစ်ကို မြင်ပြီး ဒီလို စာသားလေး ရေးခဲ့တာဖြစ်ပါတယ်။ သားလေး သိဒ္ဓိစစ်ဟာ ငယ်ငယ်ကတည်းက ကလေးပစ္စည်းကြော်ငြာလေးတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအလုပ်ကနေ ရရှိလာတဲ့ ငွေကြေးနဲ့ အလှူအတန်းတွေလည်း လုပ်နိုင်ခဲ့ပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ သားလေး သိဒ္ဓိစစ်ကတော့ ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ် လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏ ဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က