အဆိုတော် လင်းလင်းက မန္တလေးမှာ အဓမ္မကျင့်ခံရတဲ့ မိန်းကလေးအတွက် တရားမျှတမှု ရရှိဖို့ တောင်းဆိုထားတာတွေ့ရပါတယ်. လင်းလင်းက တရားမျှတမှုအတွက် တောင်းဆိုထားသလို သမီးလေးအတွက်လည်း အလှူငွေ လှူဒါန်းခဲ့ပါသေးတယ်.
Photo : လင်းလင်း FB
အဆိုတော် လင်းလင်းက မန္တလေးမှာ အဓမ္မကျင့်ခံရတဲ့ မိန်းကလေးအတွက် တရားမျှတမှု ရရှိဖို့အတွက် တောင်းဆိုထားတာ တွေ့ရပါတယ်။ ဒီအမှုကို လိုအပ်တာထပ်ပိုပြီး စိတ်နှစ်ကိုယ်နှစ် ဆောင်ရွက်ပေးဖို့ တောင်းပန်ပြီးပြောချင်ပါတယ်လို့ သူက ဆိုပါတယ်။
Photo : လင်းလင်း FB (သမီးလေးအားဖမ်းခေါ်သွားတဲ့အမျိုးသားပုံ)
"အမှုကိစ္စ,,,မှုခင်းရေးရာ တာဝန်ရှိသူများအနေနဲ့ဒီအမှုကို လိုအပ်တာထပ်ပိုပြီး စိတ်နှစ်ကိုယ်နှစ် ဆောင်ရွက်ပေးဖို့ တောင်းပန်ပြီးပြောချင်တာလဲပါတယ်, တောင်းဆိုတယ်လို့ ပြောရင်လဲ မှန်တယ်,,ဒီသတင်းက သွေးပူတုန်းခဏ ဝုန်းဒိုင်းပြီးမသွားစေချင်ဘူး,ကျူးလွန်သူရဲ့ ဓာတ်ပုံအကြည်လဲ ရထားပြီးပြီ,သတင်းအချက်အလက်လဲ ရထားပြီ,ဆိုတော့ ကျွန်တော့်အနေနဲ့ ဒီအမှုကို နေ့စဉ်နဲ့အမျှ နားစွင့်နေပါ့မယ်လူမဆန်စွာ အဓမ္မ မိုက်ရိုင်းခံရတဲ့ သမီးလေးဟာ ခုဆိုစိတ်ပိုင်းဆိုင်ရာ တော်တော်ထိခိုက်ခံနေရပြီးစိတ်ကုဆရာဝန်နဲ့ သေချာကုသနေရပါတယ်” ဆိုပြီး လင်းလင်းက ဒီဇင်ဘာ(၂၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။
Photo : လင်းလင်း FB
ဆက်လက်ပြီးတော့လည်း အဓမ္မပြုကျင့်ခံရတဲ့ သမီးလေးအတွက် လိုအပ်တာသုံးစွဲဖို့စာနာကူငွေ (၇)သိန်းတိတိကိုလည်း နှစ်ကူးအလှူ အနေနဲ့ လှူဒါန်းခဲ့ပါသေးတယ်။
“နှစ်ကူးမှာ ကျွန်တော်တို့မိသားစု အလှူလေးတစ်ခု လုပ်ဖြစ်ပါတယ်။ ဟိုတစ်လော မကြာသေးခင်က ၈ နှစ်သမီးလေး ဆိုင်ကယ်နဲ့ ခေါ်သွားခံရပြီး မန္တလေးမှာ မုဒိန်းကျင့်ခံရတဲ့ သမီးလေး,, မုဒိန်းကျင့်တဲ့ကောင်က အစဖျောက်ချင်လို့ သေလုဆဲထိ နှိပ်စက်ခံရပြီး အသက်မသေတဲ့ သမီးလေး ကို ကျနော်တို့မိသားစုမှ လိုအပ်တာလေး သုံးစွဲဖို့ စာနာကူငွေ (၇) သိန်း လှူခဲ့ပါတယ်။”ဆိုပြီး သူ့က ဆိုထားပါတယ်။
Photo ; လင်းလင်း FB
လင်းလင်းဟာ ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီး ကိုပိုင်ဆိုင် ထားတဲ့ ေမမြန်မာခေတ် နဲ့ မေမြန်မာ သစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။
အဆိုတော် လင်းလင်းရဲ့ (၅)ခွေမြောက် တစ်ကိုယ်တော်အခွေကို မကြာခင် ပရိသတ်တွေလက်ထဲ အ ရောက်ပို့ပေးနိုင်တော့မှာလို့ သိရပါတယ်။ကိုယ်တိုင် ဦးဆောင်ပြီး ဂီတအတွက် အားစိုက်ထုတ်ထားတဲ့ လင်းလင်းရဲ့ တစ်ကိုယ်တေ်ာအခွေကို "ပထမ"လို့ နာမည်ပေးထားတယ်လို့ ဆိုပါတယ်။