အန်ကယ့်ဆီက တန်ဖိုးမဖြတ်နိုင်တာကို ပိုင်ဆိုင်ထားတယ်။

မြန်မာပြည်သိန်းတန်ရဲ့ ရိုးသားတဲ့စိတ်နဲ့ လူတိုင်းအပေါ် စေတနာထားတတ်တဲ့ စိတ်လေးကြောင့် တေးချစ်သူက ချစ်မိခဲ့တယ်လို့ ဆိုပါတယ်။ ဦးသိန်းတန်နဲ့ လက်တွဲပြီးခဲ့တဲ့ အချိန်မှာလည်း စိတ်ချမ်းသာစရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတယ် လို့သူကပြောပါတယ်။

Photo: Nu Nandar Than Fb

 

မြန်မာပြည်သိန်းတန်ဟာ ချစ်ဇနီးလေး တေးချစ်သူအပေါ် ဘယ်လောက်အထိချစ်တယ်ဆိုတာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ အဲ့ဒါကြောင့် တေးချစ်သူကလည်း အန်ကယ် ဦးသိန်းတန်ကို ဘာကြောင့် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာလဲ ဆိုတာကို Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' သူ့ရဲ့ အတွင်းစိတ်က မနောကအရမ်းကောင်းတယ်၊ ရိုးသားတယ်၊ ဖြူစင်တယ်၊ ဘယ်သူ့အပေါ်မှာ မဆို စေတနာထားတယ် အဲ့ဒါမျိုးက ရှားတယ်လေ။ ဒီလိုအချက်လေး တွေကို သဘောကျတယ်။ သူက သီချင်းလေးတွေဆိုတယ်၊ ရေးတယ်၊ ဒီအချက်လေးတွေကလည်း ထပ်ပြီးတော့ သဘော ကျစရာကောင်းတယ်"လို့ သူကဆိုပါတယ်။

Photo: Nu Nandar Than Fb

 

တေးချစ်သူဟာ အရင်တုန်းကတည်းက မြန်မာပြည်သိန်းတန်ရဲ့ ပရိသတ်တစ်ဦးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အကြောင်းအရင်းတိုက်ဆိုင်လို့ လက်တွဲဖြစ်ခဲ့တဲ့ အချိန်မှာလည်း ဦးသိန်းတန်ဆီက တန်ဖိုးအရှိဆုံး အရာတွေကို ရရှိခဲ့တယ်လို့ သြဂုတ်လ ၂၇ ရက်နေ့က အောင် ဆန်းကွင်းမှာပြုလုပ်တဲ့ ချစ်ကြည်ရေးဘောလုံးပွဲကို တက်ရောက်လာရင်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ပါတယ်။

'' သူကအဆိုတော်၊ ကိုယ်က ဆေးကျောင်းမှာတက်နေတယ် သူ့သီချင်းလေးတွေကို ကြိုက်ခဲ့တာပါ။ နောက်မှ တော်တော်ကြီးကြာမှ လက်တွဲ ဖြစ်တာပါ။ သူ့ဆီက ရတဲ့ အမှတ်တရတွေပြောရမယ်ဆိုရင်တော့ မေတ္တာပါပဲ။ အဲ့ဒါကတော့ တန်ဖိုးအရှိဆုံးပေါ့နော်။ ဘာနဲ့မှ တိုင်းတာလို့ မရဘူး။ မေတ္တာရှိတယ်၊ ကိုယ့်ပေါ် သစ္စာရှိရှိ မှန်ကန်စွာနဲ့ ချစ်တာပေ့ါနော်၊ အဲ့ဒါကိုတော့ အဖိုးတန်ဆုံးလို့ထင်ပါတယ်'' လို့ဆိုပါတယ်။

Photo: Nu Nandar Than Fb

ဦးသိန်းတန်က ကျွန်တော်လေးစားရတဲ့ အနုပညာရှင်ကြီးပါလို့ ဆိုလိုက်တဲ့ မနော 

အောင်မြင်တဲ့ အဆိုတော်ဖြစ်တဲ့ မြန်မာပြည်သိန်းတန်နဲ့ တေးချစ်သူတို့ ဇနီးမောင်နှံဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်၊ ခွင့်လွှတ်မှု တွေနဲ့ လက်တွဲဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ စုံတွဲကိုလည်း အားမကျတဲ့သူ မရှိသလောက်ပါပဲ။

'' ကိုယ်ကလည်း နားလည်မှုကို မြင့်မြင့်လေးထားတယ်၊ မသေးသိမ်ဘူးပေါ့နော်။ သူကလည်း နားလည်မှုကို မြင့်မြင့်လေးထားပေးတော့ တစ်ယောက်နဲ့ တစ်ယောက်က အပြစ်လည်းမမြင်ဘူး။ ရန်ဖြစ်တာလည်း သိပ်မရှိဘူး။ နားလည်မှုနဲ့ ခွင့်လွှတ်ပေးတတ်ကြတာတွေဆိုတော့ ပြဿနာတော့ နည်းတာပေါ့နော်'' လို့ သူကဆိုပါတယ်။

Photo: Nu Nandar Than Fb

 

မြန်မာပြည်သိန်းတန် ဟာ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာလည်း ဇနီးမောင်နှံ နှစ်ဦးစလုံး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ မကြာခင်က ရုံတင်ပြသခဲ့တဲ့ အဆိုတော်တွေ နေတဲ့ ရွာ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

 

Share

Loading Next Article...
က္က