ပြင်ဦးလွင်မှာ ဝတ်ခဲ့ကြတာပါ။

ဒါရိုက်တာကျော်ဇောလင်း၊ ညီထွဋ်ခေါင်၊ ကြာစိ၊ မျောက်ရှုံးနဲ့ နန္ဒာကျော်စွာတို့ဟာ မထင်မှတ်ဘဲ စုပေါင်းပြီး သင်္ကန်းဝတ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

 

ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)၊ သရုပ်ဆောင် ညီထွဋ်ခေါင်၊ ဟာသသရုပ်ဆောင် ကြာစိ၊ ဟာသသရုပ်ဆောင် မျောက်ရှုံး နဲ့ သရုပ်ဆောင် နန္ဒာကျော်စွာတို့ဟာ ပြင်ဦးလွင်မြို့မှာရှိတဲ့ ရွှေညောင်ပင်ကျောင်းတိုက်မှာ စုပေါင်းပြီး သက္င်္ကန်းဝတ်နေကြတယ်လို့ နန္ဒကျော်စွာက Duwun Media ကိုပြောပြခဲ့ပါတယ်။

'' ဘုန်းကြီးဝတ်ဖြစ်သွားတာကလည်း အစီအစဉ်မရှိဘဲ ဝတ်ဖြစ်ခဲ့တာ။ ဒီက ကျောင်းထိုင်ဆရာတော်ကြီးကလည်း ဒါရိုက်တာ ကိုကျော်ဇောလင်းကို အားရင် ဘုန်းကြီးလာဝတ်ဖို့ လှမ်းဆက်သွယ်ချိန်မှာ ဥူးဇင်းတို့ကလည်း ဆုံနေတဲ့အချိန်လည်းဖြစ်တော့ တစ်ယောက်ပြီးတစ်ယောက် ဝတ်ကြမယ်ဆိုပြီးတော့ ဝတ်လိုက် တာ ၅ ပါးဖြစ်သွားတယ်'' လို့ နန္ဒကျော်စွာက ဆိုပါတယ်။

အရှင်ဥက္ကံသ(မျောက်ရှုံး) နဲ့ အရှင်ကုမာရ(ကြာစိ) တို့ဟာ ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းမှာ လူထွက်ကြမှာဖြစ်ပြီး ယင်းမာပင်မြို့ကို ချက်ချင်းပွဲကဖို့ သွားရမယ်လို့ ဆိုပါတယ်။ ကျန်ရှိခဲ့တဲ့ ဥူးဇင်းတွေကတော့ လူထွက်မယ့်ရက် မကျိန်းသေသေးဘူးဆိုတဲ့အကြောင်း အရှင်နန္ဒောဘာသ(နန္ဒကျော်စွာ) က Duwun Media ကိုပြောပြခဲ့ပါတယ်။

ဒါရိုက်တာကျော်ဇောလင်းရဲ့ ဘွဲ့နာမည်ကတော့ အရှင်ခေမာနန္ဒဖြစ်ပါတယ်၊ သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ ဘွဲ့နာမည်ကတော့ အရှင်နန္ဒ မာလာ ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင် မျောက်ရှုံးရဲ့ ဘွဲ့နာမည်ကတော့ အရှင် ဥက္ကံသ ဖြစ်ပါတယ်။ သရုပ်ဆောင် နန္ဒကျော်စွာ ရဲ့ ဘွဲ့နာမည်ကတော့ အရှင်နန္ဒောဘာသဖြစ်ပါတယ်။ ဟာသသရုပ်ဆောင် ကြာစိရဲ့ ဘွဲ့နာမည်ကတော့ အရှင်ကုမာရ ဖြစ်ပါတယ်။

 

ဒါရိုက်တာကျော်ဇောလင်း၊ ညီထွဋ်ခေါင်၊ ကြာစိ၊ မျောက်ရှုံးနဲ့ နန္ဒာကျော်စွာ ဇူလိုင်လ ၄ ရက်နေ့ကစပြီး ပြင်ဦးလွင်မြို့မှာရှိတဲ့ ရွှေညောင်ပင် ကျောင်းတိုက်(ဂျပန်ဘုရားကြီး) မှာ သက္င်္ကန်းဝတ်ခဲ့ကြတာဖြစ်ပါတယ်။ သက္င်္ကန်းဝတ်ပြီး လူထွက်လာတဲ့အချိန်မှာလည်း ရိုက်ကူးရေးတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က