ခံစားချက်တွေကို ရေးသားလိုက်ပါတယ်။

ဝိုင်းလေးဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်ပြိုလဲခဲ့ရတာတွေကြောင့် နောက်တစ်ခေါက်ထပ်ပြီး ပြိုလဲသွားမှာကို သေမလောက် ကြောက်နေပါပြီတဲ့။ တည်တံ့တဲ့အချစ်ရေးတစ်ခုဖြစ်လာဖို့ကလည်း မိန်းကလေးဘက်ကပဲ အတင်းလုပ်ယူလို့ မရဘူးလို့ဆိုပါတယ်။ လက်ရှိမှာ တော့ ဝိုင်းလေးက တစ်ယောက်တည်းပါပဲ။



Photo: ဝိုင်းလေးဖေ့စ်ဘွတ်

 

မကြာသေးခင်က အချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ယောက်တည်းဖြစ်သွားပါပြီလို့ ကြေညာခဲ့တဲ့ အလှမယ် အဆိုတော် ဝိုင်းလေးဟာ အခုချိန်မှာ တော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကြောက်နေပြီလို့ ဆိုပါတယ်။ အကြိမ်ကြိမ်ပြိုလဲခဲ့ပြီးပြီဆိုတဲ့ သူ့ရဲ့ နှလုံးသားရေးရာနဲ့ ပတ်သက်တဲ့ခံစားချက် တွေကိုလည်း အခုလို ပြောပြထားတာ တွေ့ရပါတယ်။

'' အကြိမ်ကြိမ်ပြိုလဲခဲ့ပြီးပြီမို့ နောက်တစ်ခေါက်ဆိုတဲ့ အကြိမ်ကို ထပ်လဲပြိုဖို့ စိုးကြောက်မိတဲ့ ခံစားချက်မျိုး။ အကြိမ်ကြိမ် ဆုံးရှုံးခဲ့ရပြီးပြီမို့ နောက်တစ်ခေါက်ဆိုတဲ့ ဆုံးရှုံးသွားလိုက်ရမှာကို သေမလောက်ကြောက်တဲ့ ခံစားချက်မျိုး။ အကြိမ်ကြိမ် လိမ်ခံရပြီးပြီမို့ နောက်တစ်ခေါက် ဆိုတဲ့ ယုံကြည်မှုကင်းမဲ့ တဲ့ သံသယတွေနဲ့ ခံစားချက်မျိုး'' ဆိုပြီးတော့ ဇူလိုင်လ ၇ ရက်နေ့ နေ့လည် ၁နာရီက ဖေ့စ်ဘွတ်ပေါ်မှာရေးခဲ့ပါတယ်။

တစ်ယောက်တည်း ဖြစ်သွားပြီဆိုုတဲ့ ဝိုင်းလေး 

 

ဝိုင်းလေးဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာဟာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်ပြီး အချစ်ရေး အကြောင်း အင်တာဗျူးတွေကိုလည်း ဖြေတော့မှာ မဟုတ်ဘူးလို့ သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကနေရေးသားထားတာပါ။ တည်တံ့တဲ့ အချစ်ရေး ဖြစ်လာဖို့က နှစ်ဖက်စလုံး နားလည်မှုရှိမှ လက်တွဲဖော်ဖြစ်လာမယ်လို့လည်း သူကပြောပါတယ်။

''အချိန်တွေလည်း ကုန်ဆုံးခဲ့ပြီးပြီမို့ RS တခု ရေရှည်တည်တံ့ပြီး တစ်သက်လုံးသစ္စာရှိရှိသွားဖို့ဆိုတာ မိန်းကလေးတစ်ယောက်ထဲ အတင်းလုပ် ယူလို့မရသလိုနှစ်ဖက်လုံး နားလည်မှု ရှိမှ လက်တွဲဖော်ဖြစ် လာပါလိမ့်မယ်။ ဘယ်လောက် ခွင့်လွှတ်သည်းခံ အတိုင်းတာတခုထိပေါ့။ဘယ်သူ့မှ ထိခိုက်စရာ မရှိတော့ပါဘူး" ဆိုပြီးသူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်လ(၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

 

ဝိုင်းလေးဟာ ဖေ့စ်ဘွတ်ပေါ်မှာ  အချစ်ရေးအကြောင်းထက်  သူမရဲ့အနုပညာလှုပ်ရှားမှုအကြောင်းတွေကိုသာ ပြောပြတတ်သူပါ။ အဆိုတော် ဝိုင်းလေးက  Miss Myanmar World 2014 ရဲ့ အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။  ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစား နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ ဝိုင်းလေး ဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင်တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေ သူ လည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က