ကိုယ်ဝန်ကြောင့် အနုပညာအလုပ်တွေ ခဏနားထားတဲ့ နန်းမြတ်ဖြိုးသင်းအတွက် သူမရဲ့ ပရိသတ်တွေက ‘’ချစ်သူများနေ့’’မှာပဲ သူတို့ရဲ့ အချစ်ကို ဖော်ပြခဲ့ပါတယ်။ နန်းမြတ်ကလည်း ဒီ Surprise လေးအတွက် ဝမ်းသာလို့ မဆုံးပါဘူးတဲ့။
Photo: နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ ကိုယ်ဝန်လွယ်ထားရတာကြောင့် အနုပညာအလုပ်တွေ ခဏနားထားတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူများနေ့ အမှတ်တရအနေနဲ့ Fan တွေဆီက နှင်းဆီပန်းအဖြူရောင် ပန်းစည်းလေးကို ရခဲ့တာကြောင့် ဝမ်းသာမဆုံးပါဘူးတဲ့။
‘’ပရိသတ်တွေရဲ့အချစ်လည်းမလျော့သေးဘူး ဆိုတော့ဝမ်းသာလို့မဆုံးပါဘူး။ ချစ်သူများထဲမှာ ပရိသတ်တွေလဲပါတာမို့ဒီလိုနေ့လေးမှာအချစ်တွေဖော်ပြတဲ့အနေနဲ့ချစ်စရာပန်းစည်းလေးလက်ခံရတော့ဗိုက်ဗိုက်လေးတယောက်ပျော်လို့မဆုံးတပြုံးပြုံးပေါ့နော်။ ကျေးဇူးအများကြီးတင်ပါတယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၁၀ နာရီ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ ကိုယ်ဝန်ရပြီလို့ ပရိသတ်ကို ပြောပြလိုက်တဲ့ အချိန်မှာ သူ့ကို ချစ်တဲ့ ပရိသတ်တွေက အိမ်တိုင်ရာရောက် လာပြီး ပြုစု အားပေးစကားပြောခဲ့ ကြတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။
''သူတို့အမဗိုက်ကြီးသည်လေးကိုလာတွေ့တာတဲ့ချစ်ဖို့ကောင်းတဲ့ကလေးတွေ ဓာတ်ပုံရိုက်ပါမယ် ဆိုချွဲစိန်တစ်ကောင် ကခြေထောက် ပေါ်လာအိပ်နေသေးတာ'' ဆိုပြီးတော့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေကြောင့်လည်း ဝမ်းသာနေပါသေးတယ်။
Photo: နန်းမြတ်ဖြိုးသင်း
လက်ရှိမှာတော့ သူမအနေနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်နေပြီး ကလေးလေးအတွက်အားဖြစ်မယ့်အစားအစာတွေ စားဖြစ်နေ ပါတယ်တဲ့။ သူမကိုယ်တိုင် မကြိုက်ပေမယ့်လည်း ရင်သွေးအတွက် ပိုပြီး ဦးစားပေးဖြစ်ပြီး ကျန်းမာရေးကို ဂရုစိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
"လူတိုင်းကတော့ပြောပါတယ်။ မိခင်စိတ်က ဘာနဲ့မှမတူဘူးတဲ့။ အခုချိန်မှာတော့ ကိုယ့်ကိုကိုယ်ထက် စာရင်သူ့အတွက်ပိုပြီး ဦးစားပေးဖြစ် တယ်။ ကိုုယ်မကြိုက်ပေးမယ့်ကလေးအတွက်ကောင်းဖို့စာရတာမျိုးတွေအဲ့လိုမျိုးတွေစပြီးပြောင်းလဲလာတာ။"ဆိုပြီးစက်တင်ဘာ(၂၉) ရက်နေ့က ပြုလုပ်တဲ့Clinque ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
Photo: နန်းမြတ်ဖြိုးသင်း
နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ ၂၀၁၇ခုနှစ်၊နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ရိပ်သာဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီးမင်္ဂလာည စာစားပွဲ ကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညကကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။