အသက်ကလည်း သိပ်မကွာပါဘူးတဲ့။

မင်းမော်ကွန်းက သားသမီးတွေနဲ့ သူနဲ့ ဆက်ဆံရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သားသမီးတွေထက် ပိုနုနေတဲ့ ဖခင်တစ်ယောက်လည်းဖြစ်ပါတယ်။

Photo: သောမတ်



မင်းမော်ကွန်းက သားဖြစ်သူထက် ပိုနုတယ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သဘောကျရယ်မော ရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’မဟုတ်ပါဘူး ဗျ။ ဘာမှတော့ မဖြစ်ပါဘူး။ သားက နည်းနည်းဝနေလို့ပါ။ ကျွန်တော်ကလည်း မနုပါဘူး။ မအိုဆေးလည်း မစားပါဘူး။ သူ့ကို ဝိတ်ချတော့ ချခိုင်းနေတာပဲ Gym သွားလိုက် ပြန်ပြီးတော့ ဝိတ်က တက်လာလိုက်နဲ့’’ လို့ သဘောကျရင်း ဖြေဆိုခဲ့ပါတယ်။

Photo: မင်းမော်ကွန်း

အဲဒီနောက် သားအဖ နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကိုလည်း ဟာသပေ့ချ်တွေမှာ မြင်တွေ့နေရတာကြောင့် သဘောကျမိတယ်လို့ သူကဆိုပါတယ်။ သားအဖနှစ်ယောက်ကလည်း အသက် အများကြီး မကွာပါဘူးတဲ့။

‘’ သားနဲ့ သိပ်မကွာဘူးဆိုတာကလည်း ကျွန်တော် ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျတာဆိုတော့ အသက် ချင်းက အများကြီး မကွာဘူး။ အဲ့ဒါကြောင့် ညီအစ်ကိုလို ဖြစ်နေတာ။ သားအဖ နှစ်ယောက်ပုံတွေ Troll ခံရတော့ သူက ပျော်နေတာ’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: မင်းမော်ကွန်း

မင်းမော်ကွန်းက အသက် ၄၀ အရွယ်ရှိတာတောင် သားသမီးတွေနဲ့ယှဉ်လိုက်ရင် မောင်နှမလို့တောင် အထင်ခံရသူပါ။ သားသမီးတွေနဲ့ သူနဲ့ ဆက်ဆံရေးကလည်း သူငယ်ချင်းလိုပါပဲတဲ့။

‘’ ကျွန်တော် တို့က သူငယ်ချင်းလိုပဲ ပေါင်းတာပါ။ သားနဲ့ သမီးက အနုပညာအလုပ်တွေလည်း လုပ်ထားတာဖြစ်တဲ့အတွက် သူတို့ ဝါသနာပါတဲ့ လမ်းကြောင်းကိုတော့ မှန်မှန်ကန်ကန်ရွေးချယ်စေချင်ပါတယ်’’ လို့ ‘’လေးပါးကျော့ရှိန် ဝရဇိန်’’ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: မင်းမော်ကွန်း

မင်းမော်ကွန်းက လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သူမကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က