ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ အနုပညာအလုပ်တွေ လုပ်ခဲ့တာပါ။

အိစိကွေးဟာ ငယ်ငယ်ကတည်းက နေ အသက် ၁၈ နှစ်ရောက်သည်အထိ အနုပညာအလုပ်တွေ ဆောင်ရွက်ခဲ့ရတာကြောင့် သာမာန်လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေကို မပိုင်ဆိုင်ခဲ့ရဘူးလို့ဆိုပါတယ်။

Photo: Eisi Kway

ကလေးသရုပ်ဆောင် ဘဝကတည်းက အနုပညာအလုပ်တွေ လုပ်ခဲ့တဲ့ အိစိကွေးဟာ ဝါသနာပါတဲ့ အလုပ်ကြောင့် စွန့်လွှတ်လိုက်ရတဲ့ အရာတွေ များတယ်လို့ ဆိုပါတယ်။ ဒီအရာတွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

‘’သိပ်ချစ်ရတဲ့ အနပညာအတွက် ဘာတွေပေးဆပ်လိုက်ရလဲ။ လွတ်လပ်တဲ့ သာမန်ကလေးတစ်ယောက်ရဲ့ဘဝ၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် စာကြိုးစားခွင့်နဲ့အချိန်၊ ဘာအထိမ်းအမှတ် ဘာမွေးနေ့မှ ထူးထူးခြားခြားမလုပ်ပဲ လမ်းပေါ်မှာပဲ ကုန်ဆုံးခဲ့ရတဲ့ အတိတ်နေ့ရက်တွေ၊ စိတ်တိုင်းကျ လွတ်လပ်စွာ နေခွင့် ပြောခွင့် လုပ်ခွင့်’’ လို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးခဲ့တာပါ။

Photo: Eisi Kway

ဒါပေမယ့် သူ့ရဲ့ အနုပညာကနေ ပရိသတ်ရဲ့ အချစ်ကို အများကြီး ပိုင်ဆိုင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ သာမန် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့လို့ စိတ်မကောင်းဘူးလို့ ပြောပါတယ်။

‘’ဘာတွေပြန်ရလိုက်လဲ သိပ်ချစ်ပေးတဲ့ ပရိသတ်နဲ့ တတ်မြောက်ခဲ့တဲ့ အနပညာနဲ့ ဇာတ်ကားတွေနဲ့ ရိုက်ကွင်းအမှတ်တရ၊ တန်ရောတန်ရဲ့လား။ ဘယ်သူလုပ်ခိုင်းလို့လဲ မေးရင် ကိုယ်တိုင်ပဲ လုပ်ခဲ့တာပါပဲ။ ပြန်တွက်ကြည့်တော့ စိတ်မကောင်းဖြစ်မိလု့ိ’’ ဆိုပြီးတော့ ဆက်လက်ရေးသားထားပါတယ်။

Photo: Eisi Kway

အိစိကွေးဟာ အနုပညာအလုပ်တွေ လုပ်နေတဲ့ကြားက ပရဟိတလုပ်ဖို့လည်း လက်မနှေးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ ဒီလိုအလှူအတန်းတွေ လုပ်ဖြစ်တာကလည်း မိခင်ရဲ့ သင်ပြ၊ ပြောပြမှုတွေကြောင့်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

"အလှူအတန်းဆိုတာက ငယ်ငယ်လေးကတည်းက ဝါသနာပါတဲ့အရာပေါ့။ အမေက ငယ်ငယ်လေးကတည်းက ဘုန်းဘုန်းတွေ တွေ့ရင်ပဲဖြစ်ဖြစ်၊ အမေအိုကြီးတွေ တွေ့ရင်ပဲ ဖြစ်ဖြစ် အမြဲတမ်းလှူခိုင်းတာလေ။ အဲ့ဒီကနေမှတဆင့် အကျင့်ဖြစ်သွားပြီးတော့ အခုဆို တွေးလိုက်ရင် မလှူရရင် မနေနိုင်ဘူး ကျော်သွားလို့လည်း မဖြစ်နိုင်ဘူးဆိုတော့ လှူဖြစ်နေတာပါ'' လို့ အိစိကွေးကပြောပါတယ်။

Photo: Eisi Kway

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ လက်ရှိမှာ “တုနှိုင်းမရတဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို မကြာသေးခင်က ရိုက်ကူးပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က