အကယ်ဒမီဆုတွေများစွာကို ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာကြီး စင်ရော်မောင်မောင်နဲ့ အကယ်ဒမီသရုပ်ဆောင် မေသန်းနုတို့က လက်ရှိမှာ သားဖြစ်သူ မင်းသန့်မောင်မောင်ရှိရာ အမေရိကသို့ အလည်ရောက်နေကြပါတယ်။
အကယ်ဒမီဆုတွေများစွာကို ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာကြီး စင်ရော်မောင်မောင်နဲ့ အကယ်ဒမီသရုပ်ဆောင် မေသန်းနုတို့က လက်ရှိမှာ သားဖြစ်သူ မင်းသန့်မောင်မောင်ရှိရာ အမေရိကသို့ အလည်ရောက်နေကြပါတယ်။ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ Movie Show တစ်ခုကို တက်ရောက်ဖို့ အတွက်ရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
မင်းသန့်မောင်မောင်အတွက် ဖခင်စင်ရော်မောင်မောင်တစ်ယောက် ဂုဏ်ယူလို့နေပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်မှာလည်း မိသားစု ဓာတ်ပုံတွေလေးတွေကို တင်ထားပြီး ယခုလို စာသားလေးကိုလည်း ရေးသားထားတာတွေ့ရပါတယ်။
"Warner Bros Studio တွင် min thant movie show တွင်.." ဆိုပြီး စက်တင်ဘာ(၂၁) ရက်နေ့က ရေးသားထားပြီး Feeling နေရာမှာတော့ Proud ဆိုပြီး ပြောထားတာတွေ့ရပါတယ်။ မိသားစု ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေလည်း ဝမ်းသာပီတိဖြစ်နေကြသလို မင်းသန့်မောင် မောင်အတွက်လည်း ဂုဏ်ယူလို့နေကြပါတယ်။
မင်းသန့်မောင်မောင်ဟာ အမေရိကန်နိုင်ငံရှိ Los Angeles, California, New York Film Academy School မှာ ပညာသင်ယူနေတာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ အနုပညာဆိုင်ရာ ဘာသာရပ်များကို လေ့လာနေတဲ့ မင်းသန့်မောင်မောင်ဟာ ပြီးခဲ့သော လပိုင်းလောက်က မြန်မာနိုင်ငံသို့ခေတ္တခဏ ပြန်လာခဲ့ပါတယ်။
မင်းသန့်ရဲ့ ဟင်းချက်လက်ရာကို ချီးကျုးလိုက်တဲ့စင်ရော်မောင်မောင်
သူပြန်လာချိန်မှာလည်း New York Film Academy မှ Final Thesis အတွက် Short Film လာရောက် ရိုက်ကူးတာဖြစ်ပြီး ယင်း short Film ကို "Look At Me" လို့နာမည်ပေးခဲ့ပါတယ်။အဲ့ဒီ Film ဟာ ကွဲကွာနေတဲ့ မိဘတွေကြားထဲမှာ သူကျင်လည်ရတဲ့ ခံစားချက်ကို ပုံဖော်ရိုက်ကူး ထားတာ ဖြစ်ပါတယ်။
မင်းသန့်မောင်မောင်ဟာ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သလို ငယ်စဉ်ကတည်းက ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ ကလေးလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ မိသားစု သုံးယောက်ပေါင်းပြီး ကြိုးစားရိုက်ကူးထားတဲ့ ''ထာဝရအမေ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါတယ်။
ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ၂၀၁၇ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆု ကို ရရှိခဲ့ပါတယ်။ဒါရိုက်တာ စင်ရောက်မောင်မောင်က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။
ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင် တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင် ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင် ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။
Share