နောက်တစ်ခေါက် ထပ်သွားချင်တယ်တဲ့။

တိုင်ရွန်ဟာ ခန့်ထည်ဆိုတဲ့ ဇာတ်ကောင်နာမည်လေးကို ပရိသတ်တွေ အားပေးပြီး နှုတ်ဆက်ကြတဲ့အတွက် ပျော်ရွှင်လို့ နေပါတယ်။ ခန့်ထည် ဆိုတာကတော့ လက်ရှိထုတ်လွှင့်ပြသနေတဲ့ '' မနေ့က ဖြစ်သည် ၂'' ရုပ်သံဇာတ်လမ်းတွဲထဲက ကာရိုက် တာ နာမည်လေးဖြစ်ပါတယ်။



Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်တိုင်ရွန်တစ်ယောက် အင်းဝကို သွားတဲ့ ခရီးမှာ ခန့်ထည်ဆိုတဲ့ ဇာတ်ကောင်နာမည်ကို သိကြတဲ့ ပရိသတ်တွေက ဝမ်းသာအားရ နှုတ်ဆက်ကြတဲ့အတွက် အရမ်းကို ပျော်ရွှင်ရပါတယ်တဲ့။ ရိုးသားလွန်းလှတဲ့ အင်းဝမြို့က ပရိသတ်တွေကြောင့် နောက်ထပ်လည်း ခရီးထွက် ချင်သေးတယ် လို့ သူကဆိုပါတယ်။

'' ပျော်စရာကြည်နူးစရာ အရမ်းကောင်းပါတယ် ခန့်ထည် ဆိုပြီး နှုတ်ဆက်ကြတဲ့အတွက် အရမ်းဝမ်းသာပါတယ် နောက်ထပ် လာချင် ပါ သေးတယ်။ အင်းဝသို့ ခေါ်ရခက်တဲ့ နာမည်ကိုခေါ်တတ်တယ် တိုင်ရွန် တဲ့ ဖွားဖွားကြီးတွေက'' ဆိုပြီးတော့ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

ခန့်ထည်ဆိုတဲ့ အမည်ဟာ လက်ရှိမှာတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ '' မနေ့ကဖြစ်သည် ၂'' ရုပ်သံဇာတ်လမ်းတွဲ ထဲက သရုပ်ဆောင် တိုင်ရွန်ရဲ့ ဇာတ်ကောင်နာမည်ဖြစ် ပါတယ်။ ဒီဇာတ်လမ်းတွဲကို စက်တင်ဘာလ အစကတည်းက ပြသခဲ့တာဖြစ်ပါ တယ်။ ပထမ တစ်ကြိမ် ထုတ်လွှင့်ခဲ့တဲ့  '' မနေ့ ကဖြစ်သည်'' ရုပ်သံဇာတ်လမ်းတွဲတုန်းကလည်း အောင်မြင်မှု များစွာရရှိခဲ့ပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

ဝါသနာပါတဲ့အလုပ်နဲ့ မိဘတွေကိုဂုဏ်ယူစေချင်ခဲ့တယ်ဆိုတဲ့ တိုင်ရွန် 

တိုင်ရွန်ဟာ ဒီဇာတ်လမ်းတွဲထဲမှာ ခန့်ထည် ဆိုတဲ့ လူမိုက်ဆန်ဆန် ကောင်လေး၊ သူဌေးရဲ့ သက်တော်စောင့် တစ်ယောက်နေရာက ပါဝင် သရုပ်ဆောင် ထား တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အခုဆိုရင်တော့ အပိုင်း ၇ အထိ ပြသပြီးခဲ့ပြီးတဲ့ အချိန်မှာတော့ ပရိသတ်အားပေးမှု အရှိန်က တစ်ဟုန်ထိုး မြင့်တက်လာတာကို တွေ့ရပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

မော်ဒယ်လောကမှာ အောင်မြင်မှုများစွာ ပိုင်ဆိုင်ပြီးခဲ့တဲ့ တိုင်ရွန်ဟာ သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်တဲ့သူဖြစ်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေတာကို တွေ့ပါတယ်။ အဲ့ဒီ နောက် ပရဟိတ လုပ်ငန်းတွေမှာလည်း တစ်ယောက်တည်းဖြစ်စေ၊ အပေါင်းအသင်းတွေ၊ ပရိသတ်တွေနဲ့ဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တိုင်ရွန်ဟာ အားပေးကြတဲ့ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့အတွက် အစစအရာရာအကောင်းဆုံးဖြစ်အောင် နေထိုင်တယ်လို့ ပြော ပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတ အလုပ် တွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က