ရော်နယ်ဒိုက ချန်ပီယံလိဂ်ကန်ခွင့်ရဖို့အတွက်သာ အာရုံစိုက်ထားတာပါ။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံနေတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ပတ်သက်လို့ ပြစ်တင်ဝေဖန်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားလိုတာကြောင့် ယူနိုက်တက်ကနေ အသည်းအသန် ထွက်ခွာလိုနေပြီး စာချုပ်ဖျက်သိမ်းဖို့အထိ ဆန္ဒရှိနေပါတယ်။



ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ ရော်နယ်ဒိုကို ရောင်းချမှာမဟုတ်သလို စာချုပ်ဖျက်သိမ်းပေးဖို့လည်း အစီအစဥ်မရှိပါဘူး။ ရော်နယ်ဒိုကို ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးနဲ့ အက်သလက်တီကိုတို့က ခေါ်ယူဖို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအသင်းတွေအားလုံးက ရော်နယ်ဒိုကို ငြင်းဆန်ခဲ့ပြီးဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်ရမယ်ဆိုရင် ဘယ်ထိပ်တန်းအသင်းကိုမဆို ပြောင်းရွှေ့ဖို့ ပြင်ဆင်ထားပုံရပါတယ်။ ဒီလိုမျိုး ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အဘွန်လဟော်က “ရော်နယ်ဒိုက လီဗာပူးကို ပြောင်းခွင့်ရရင်တောင် ပြောင်းဦးမှာပါ။ လီဗာပူးက ယူနိုက်တက်အတွက် ကြီးမားတဲ့ ပြိုင်ဘက်ပါ။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒါတွေကို စဥ်းစားမှာ မဟုတ်ပါဘူး”

“သူ့အနေနဲ့ ချန်ပီယံလိဂ်ကစားခွင့်ရမယ်ဆိုရင်၊ သူ့ရဲ့ စံချိန်မှတ်တမ်းတွေ၊ ဆုဖလားအောင်မြင်မှုတွေကို ထပ်တိုးပေါင်းစပ်ခွင့်ရမယ်ဆိုရင် ဘယ်အသင်းကိုမဆို ပြောင်းပါလိမ့်မယ်။ သူ့အနေနဲ့ ယူနိုက်တက်ကိုရော၊ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဂျူဗင်တပ်စ်ကိုပါ သစ္စာရှိလိမ့်မယ်မထင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ကတော့ ရော်နယ်ဒိုကို ရောင်းချမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထံ ရောင်းချသွားမှာမဟုတ်ကြောင်း သတင်းတွေက ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုနဲ့ သတင်းထွက်နေတဲ့ အက်သလက်တီကိုမက်ဒရစ်ကလည်း ရော်နယ်ဒိုရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ရဲ့ ခါးသီးမြို့ခံပြိုင်ဘက်အသင်းတသင်းဖြစ်နေပါတယ်။ 

Share

Loading Next Article...
က္က