ကလော့ပ်ရဲ့ တချိန်ကပြောစကားကို အစပြန်ဖော်ပြီး နောက်ပြောင်နေကြတာပါ။

လီဗာပူးဟာ ဘင်ဖီကာကြယ်ပွင့် ဒါဝင်နူနက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ ခေါ်ယူဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပါပြီ။ ဒီကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀)၊ အပိုဆုကြေး ယူရိုသန်း (၂၀) အဖြစ် လီဗာပူးတို့ ပေးချေရမှာပါ။



ဒါပေမယ့် ကလော့ပ်ရဲ့ ဒီအပြောင်းအရွှေ့ဟာ တချိန်တုန်းက သူ့ရဲ့ပြောစကားတွေနဲ့ လွဲချော်နေတယ်လို့ ပရိသတ်တွေက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လှောင်ပြောင်နေကြပါတယ်။ ယူနိုက်တက်တို့ ပေါ့ဘာကို ပြန်လည်ခေါ်ယူခဲ့တုန်းက ကစားသမားတယောက်အတွက် ဒီလောက်အထိ ငွေပမာဏ အသုံးပြုရတဲ့နေ့ကျ သူနည်းပြအဖြစ်ရှိနေတာ့မှာမဟုတ်ဘူးလို့ ကလော့ပ်က ပြောခဲ့ဖူးတာပါ။

ကလော့ပ်က “ခင်ဗျားက ကစားသမားတယောက်ကို ပေါင်သန်း (၁၀၀) ပေးခေါ်ပြီးမှ အဲ့ဒီတယောက် ဒဏ်ရာရသွားရင် အကုန်လုံးမီးခိုးခေါင်းတိုင်ထဲကနေ အငွေ့ပျံထွက်သွားလိမ့်မယ်။ ဒါမျိုးအပြောင်းအရွှေ့တွေဖြစ်လာရင်တော့ ကျနော်က နည်းပြဆက်မလုပ်တော့ဘူး။ ဘာလို့လဲဆိုတော့ ဘောလုံးဆိုတာ အတူတကွကစားရတာမို့လို့ပါ”

“ခင်ဗျားတို့က အမြဲတမ်းအကောင်းဆုံးဆိုတာပဲ လိုချင်ကြတာ။ ဒါပေမယ့် အောင်မြင်ဖို့အတွက် အစုအဖွဲ့တခုကို တည်ဆောက်ဖို့ လိုအပ်တယ်။ အခြားအသင်းတွေက ငွေတွေပိုသုံးပြီး၊ ထိပ်တန်းကစားသမားတွေကို ခေါ်ပေမယ့် ကျနော်ကတော့ မတူညီတာပဲ လုပ်ချင်တယ်။ ငွေသုံးရင်တောင် ကျနော်က မတူတဲ့နည်းလမ်းနဲ့သွားမှာ”

“ကျနော် လီဗာပူးမှာ ငွေဘယ်လောက်သုံးရမယ်ဆိုတာကို အတိအကျမသိဘူး။ ဘာလို့လဲဆိုတော့ ကျနော့်ကို ဘယ်သူ့ကမှ ငွေသုံးခွင့်မရှိဘူးလို့ လာမပြောထားလို့ပဲ။ တကယ်လို့ ကျနော်က ငွေသုံးတယ်ဆိုရင် စစ်မှန်တဲ့အသင်းတသင်းကို တည်ဆောက်ဖို့အတွက်ပဲ။ ဘာစီလိုနာလည်း ဒါမျိုးလုပ်ခဲ့တာပဲလေ။ အဲ့ဒီတော့ ခင်ဗျား အမှတ်ပေးချန်ပီယံဆုဆွတ်ခူးနိုင်တယ်၊ ဖလားတွေရနိုင်မယ်။ ဒါပေမယ့် ဒီအတွက် ခင်ဗျားလိုချင်တဲ့ သီးသန့်ပုံစံတော့ရှိရမယ်” လို့ ပြောကြားခဲ့ဖူးတာပဲဖြစ်ပါတယ်။  

Share

Loading Next Article...
က္က