အရမ်းကို ချစ်စရာကောင်းပါတယ်။

ငယ်ငယ်ကတည်းက Disney princess ဖြစ်ချင်တဲ့ ဖွေးဖွေးက အခုချိန်မှာတော့ နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးတစ်ယောက် ဖြစ်လို့နေပါပြီ။ သူမဟာ အခုဆိုရင်တော့ အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။



Photo: Amazing Grace

 

သရုပ်ဆောင်အကယ်ဒမီများစွာကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဖွေးဖွေးက သူ့ရဲ့ ငယ်ငယ်ကတည်းက အိပ်မက်လေးကို အခုလို ထုတ် ပြောပြလာပါတယ်။ သူ့ရဲ့ ချစ်စရာကောင်းတဲ့ ကလေးဘဝက အမှတ်တရ ဓာတ်ပုံလေးကိုလည်း ပရိသတ်တွေကို ထုတ်ပြခဲ့ပါသေးတယ်။

'' ငယ်ငယ်တုန်းက Disney princess ဖြစ်ချင်နေတဲ့ ကလေးတယောက် '' ဆိုပြီးတော့ စက်တင်ဘာလ ၂၆ ရက်နေ့ည ၁၀နာရီက သူမရဲ့ ဖေ့ ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီစာသားလေး တင်ရင်းနဲ့ သူမ ကလေးတုန်းက ဓာတ်ပုံလေးကို တင်လိုက်တဲ့အခါမှာ ပရိသတ် တွေရဲ့ ချစ်ခြင်းမေတ္တာများစွာ ပိုမိုရရှိခဲ့ပါတယ်။

Photo: Phway PhwayPage

 

Disney princess ဖြစ်ချင်ခဲ့တဲ့ ဖွေးဖွေးရဲ့ ငယ်ဘဝ စိတ်ကူးယဉ်အိပ်မက်လေးကတော့ အရမ်းကို ချစ်စရာကောင်းခဲ့ပါတယ်။ လက်ရှိ သူ့ရဲ့ ပွဲတက် ဖက်ရှင်လေးတွေကလည်း Disney ဇာတ်ကားတွေထဲက မင်းသမီးလေးတွေလိုပဲ အရမ်းကို လှပလွန်းပါတယ်။ အခုချိန်မှာတော့ ဖွေးဖွေးဟာ ပရိသတ်အချစ်အများကြီးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော် သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်နေပါပြီ။

အပျိုကြီးလို့ အခေါ်ခံနေရပြီဆိုတဲ့ ဖွေးဖွေး 

သူမဟာ အခုဆို ရင်တော့ အကယ်ဒမီဆု ၃ ဆု ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုသာမက ချစ်စရာကောင်းတဲ့ အပြုအမူလေး တွေကြောင့် ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ ပိုပြီးတော့ အချစ်ပိုလာကြပါပြီ။ ဖွေးဖွေးဟာ ငယ်ငယ်ကတည်းက သာမက အသက် ၃၀ အရွယ်အထိပါ ချစ်စရာကောင်းပြီး လှပလို့နေပါတယ်။

Photo: Amazing Grace

 

ပရိသတ်အားပေးမှုများစွာကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင် ထားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo: Amazing Grace

 

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး၊ အခုလက်ရှိအချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း များစွာရိုက်ကူး နေရ သူဖြစ် ပါတယ်။ အဲ့ဒီနောက် မဂ္ဂဇင်းကာဗာ Star တစ်ဦးအဖြစ်ပါဝင်ရိုက်ကူးဖြစ်နေသလို၊ ကြော်ငြာပေါင်းများစွာလည်း ရိုက်ကူးနေသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က