ဂက်စ်ယိုစိမ့်နေတယ်လို့ထင်ခဲ့ကြပြီး ကြောက်လန့်တကြားဖြစ်ခဲ့ကြပါတယ်။

သြစတြေးလျမြို့တော် ကန်ဘာရာမြို့ရှိ စာကြည့်တိုက်တစ်ခုမှာ ဒူးရင်းသီးအနံ့ထွက်နေမှုကို ဂက်စ်ယိုစိမ့်နေတယ်လို့ထင်ခဲ့ကြပြီး ကြောက်လန့်တကြား ဖြစ်ခဲ့ကြရာမှ လူဦးရေ ရာနဲ့ချီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။

(ကန်ဘာရာတက္ကသိုလ်စာကြည့်တိုက်) (Photo: University of Canberra Library/Facebook)

ကန်ဘာရာတက္ကသိုလ် စာကြည့်တိုက်မှာ စူးရှပြင်းထန်တဲ့ အနံ့ထွက်ပေါ်နေကြောင်း မီးသတ်တပ်ဖွဲ့ထံကို သောကြာနေ့ (မေ ၁၀ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က အကြောင်းကြားမှုလက်ခံရရှိခဲ့တယ်လို့ ကန်ဘာရာမြို့ အရေးပေါ်ဆိုင်ရာဌာနက ပြောပါတယ်။ ထို့နောက် တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံရှိ လူ ၅၀၀ ခန့်ကို ခြောက်မိနစ်အတွင်း ရွှေ့ပြောင်းပေးခဲ့ပြီး မီးသတ်သမားတွေ အနံ့ထွက်ပေါ်တဲ့နေရာကို လိုက်လံစစ်ဆေးရှာဖွေခဲ့ကြပါတယ်။



(Facebook မှာ ရေးသားထားမှု) (Photo: University of Canberra Library/Facebook)

တစ်နာရီကြာ စစ်ဆေးရှာဖွေခဲ့ကြပြီးနောက် ဂက်စ်ယိုစိမ့်မှုဖြစ် ထင်နေခဲ့ကြတဲ့ အနံ့ထွက်နေတဲ့ နေရာကိုတွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း စာကြည့်တိုက်အဆောက်အအုံအတွင်း လေထုကိုလည်း အန္တရာယ်မရှိကြောင်း သေချာစေရန် စစ်ဆေးခဲ့တယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။

'ဂက်စ်ယိုစိမ့်နေတယ်လို့ သံသယရှိဖြစ်ခဲ့ကြတာက ရင်းသီးရဲ့အနံ့ကြောင့်ပါ' လို့ ကန်ဘာရာတက္ကသိုလ်စာကြည့်တိုက်ရဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။ စူးရှပြင်းထန်တဲ့ အနံ့ထွက်ပေါ်နေခဲ့တဲ့ ဒူးရင်းသီးကို အမှိုက်ပုံးတစ်ခုထဲမှာ တွေ့ခဲ့ရကြောင်းနဲ့ ဖယ်ရှားလိုက်ပြီလို့လည်း တက္ကသိုလ်စာကြည့်တိုက်က ပြောခဲ့ပါတယ်။

(Photo: Rahmad Suryadi/AFP) 

ယမန်နှစ်ကလည်း သြစတြေးလျရှိ Royal Melbourne Institue of Technology (RMIT) တက္ကသိုလ်စာကြည့်တိုက်မှာ ဒူးရင်းသီးအနံ့ကြောင့် ကြောက်လန့်တကြား ဖြစ်ခဲ့ကြပြီး ကျောင်းသူကျောင်းသားနဲ့ ဆရာ ဆရာမ ၅၀၀ ခန့်ကို ေဣ့ပြောင်းပေးခဲ့ရတယ်လို့ CNA သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက တရုတ်နိုင်ငံမှာလည်း ဒူးရင်းသီး အများအပြားစားလာခဲ့တဲ့ အမျိုးသားတစ်ဦးဟာ အရက်သောက်ထားခြင်းရှိ မရှိ လေမှုတ်ထုတ်စေပြီး စစ်ဆေးတိုင်းတာတဲ့ စက်ကိရိယာဖြင့် အစစ်ခံခဲ့ရစဉ် မအောင်မြင်ခဲ့ဘဲ ရဲအရာရှိတွေနဲ့ အငြင်းပွားခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က