ပထမဆုံးအကြိမ် သဲကန္တာရခရီးကို သွားဖြစ်နေတဲ့ စိုင်းစိုင်းတစ်ယောက် အရမ်းကို ပျော်နေပါတယ်။
Photo : Sai Sai
နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာ ဒူဘိုင်းကို ရောက်နေပါတယ်။ သူ့ဘဝအတွက် သဲကန္တာရကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“ ဘဝမှာ ပထမဆုံးအကြိမ် သဲကန္တာရထဲ ခရီးသွားဖူးခြင်းပါပဲ Dubai က လောလောဆယ် အအေးဆုံး အချိန် ၂၀ ဒီဂရီ ကျော်မှာရှိနေတယ် နွေဆိုရင် ၅၀ ကျော်ပါတယ်တဲ့ Dubai အကြောင်းကို ပြီးမှဆက်ရေးပါဦးမယ် အခုတော့ ဦးညီထွဋ်လိုပဲ ကန္တာရခရီးသည်” ဆိုပြီး ဖေဖော်ဝါရီ (၆) ရက်နေ့က သူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။
Photo : Sai Sai
ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ ခရီးစဉ်လေးမှာ ဝန်ဆောင်မှုကောင်းတဲ့ ခရီးသွားအေဂျင်စီနဲ့ တွေ့ခဲ့တာကြောင့် စိုင်းစိုင်းတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။ သူပျော်နေတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ပေးထားပါသေးတယ်။
စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိပ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီမှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ ခုနှစ်မှာ Sai Sai Birthday ၊ ၂၀၀၉ ခုနှစ်မှာ အဲဗားဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကြဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူတစ်ဦးလည်း ဖြစ်ပါတယ်။
Photo : Sai Sai
သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ်ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။
Photo : Sai Sai
စိုင်းစိုင်းပါဝင်ထားတဲ့ "ကြာတော့သည်လည်းမောင့်စကား"ရုပ်ရှင်ဇာတ်ကား ကြီးကလည်း လက်ရှိမှာ ရုံတင်ပြသလျက်ရှိပြီး ပရိသတ်အားပေးမှု ရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ယင်းဇာတ်ကားဟာ ဆရာမဂျူးရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးတာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။