ခင်လှိုင် ဦးဆောင်ပြီး ဒုတိယအကြိမ် ရေတွင်းလှူဒါန်းမှုအဖြစ် မန္တလေးတိုင်းမတ္တရာမြို့နယ် မင်္ဂလာသီရိကျေးရွာ မှာ ပြီးမြောက် အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ် ရေတွင်းအလှူကိုတော့ မကွေးတိုင်းဒေသကြီးအတွင်းက ကြာကုန်းတဲ ကျေးရွာမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
Photo: ခင်လှိုင်ဖေ့စ်ဘွတ်
ရေအကျိုးတော်ဆောင် တစ်ဦးအဖြစ် ရေအခက်အခဲဖြစ်နေတဲ့ ဒေသတွေကို ရေတွင်း၊ ရေကန်တွေ တူးဖော် လှူဒါန်းလျှက်ရှိတဲ့ သရုပ်ဆောင် ခင်လှိုင်က သြဂုတ်လ ၂၉ ရက်နေ့မှာတော့ သူ့ရဲ့ ဒုတိယအကြိမ် ရေတွင်းအလှူအဖြစ် မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ ရှိတဲ့ မင်္ဂလာသီရိ ကျေးရွာမှာ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။
'' ရေကုသိုလ် အသင်း ရဲ့ ဒုတိယ ရေတွင်းအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ မန္တလေးတိုင်းမတ္တရာမြို့နယ် မင်္ဂလာသီရိကျေးရွာ'' ဆို ပြီးတော့ သြဂုတ်လ ၂၉ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့ဘွတ်ကနေ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အလှူတော်ဖြစ်မြောက် အောင်မြင်မှုအတွက် တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေနေကြတာဖြစ်ပါတယ်။
Photo: ခင်လှိုင်ဖေ့စ်ဘွတ်
ခင်လှိုင့်ရဲ့ ပထမဆုံးအကြိမ် ရေတွင်းအလှူတော်အဖြစ် မကွေးတိုင်းဒေသအတွင်းမှာ ရေပြတ်လတ် နေတဲ့ မကွေးတိုင်းမြို့နယ် ကြာကန် ကျေးရွာအုပ်စုမှာရှိတဲ့ ကြာကုန်းတဲဘုန်းကြီးကျောင်းတိုက်ကို စက်ရေတွင်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်လည်း ရေအခက်အခဲဖြစ် နေတဲ့ ဒေသတွေမှာ ရေတွင်းတွေ လှူဒါန်းသွားဦးမယ်လို့လည်း ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။
ပြေတီဦးရဲ့ လက်ဆောင်ကြောင့် ပျော်ရွှင်နေတဲ့ ခင်လှိုင်
ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
Photo: ခင်လှိုင်ဖေ့စ်ဘွတ်
အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။