ဒီဇင်ဘာလ ကတော့ ချစ်သုဝေအတွက် အလုပ်တွေ အများကြီး လုပ်နေရတဲ့ လ တစ်လဖြစ်တယ်လို့ သူမကိုယ်တိုင် ပြောပြလာပါတယ်. သိပ်မကြာခင်မှာလည်း သူ့ရဲ့ဒုတိယမြောက် တစ်ကိုယ်တော်အခွေလေး ထွက်လာတော့မယ်လို့ ဆိုပါတယ်.
Photo: ချစ်သုဝေ
ချစ်သုဝေက ဒီဇင်ဘာလ နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်တွေကို အခုလိုရင်ဖွင့်ပြောပြလာပါတယ်. သူမရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အခွေလေးလည်း ထွက်ရှိသွားမှာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်.
'' December ဟာ super busy လလေးပါ. အိမ်မှာဆို ကိုယ်ဟာ ကိုယ့်အနားကချစ်ရသူတွေကို ချစ်ရလွန်းလို့ တာဝန်တွေတစ်နင့်တစ်ပိုး တစ်ယောက်တည်းထမ်းပိုးထားချင်တဲ့ သမီးလေး၂ယောက်မေမေ ဒီတော့အပြင်မှာဆိုရင်ကိုယ့်ကိုချစ်တဲ့သူတွေကြောင့် တဒင်္ဂတော့ လွတ်လပ်ပေါ့ပါးချင်တယ်လေ. 2nd album ထွက်ဖို့လုံးပမ်းနေချိန်ဆိုတော့ ကိုယ့်စိတ်ဟာ သိပ်ကိုလန်းဆန်းနေတယ်လေကွယ်နော်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက် ၁၂ နာရီ ၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်.
Photo: ချစ်သုဝေ
ချစ်သုဝေရဲ့ '' ဘေးနားရှိရင်'' သီချင်းအသစ်လေးကို ဒီဇင်ဘာလ ၁ ရက်နေ့က မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း ဂီတအလုပ် တွေ မလုပ်ဖြစ်တာ ၈နှစ်ကြာပြီးတော့မှ ပြန်လုပ်ဖြစ်တဲ့ သီချင်းလေးမို့ စိတ်လှုပ်ရှားနေတဲ့အကြောင်းတွေကို အခုလို ပြောပြခဲ့ပါတယ်။
'' တိမ်တွေနေတဲ့အရပ် album ထွက်ပြီး ၈နှစ်အကြာမှ ထွက်ရတဲ့သီချင်းလေးမို့ ရင်တွေခုန်နေရရောပါ။ သီချင်းရေးပေးတဲ့ ကိုနေဝါနဲ့ MTV လေး အတွက်ကူညီကြသူအားလုံးကျေးဇူးပါနော်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီက သီချင်းအသစ်လေးကို မိတ်ဆက် ရင်း ရေးသားခဲ့ပါတယ်။
Photo: ချစ်သုဝေ
ချစ်သုဝေက အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျပြီးနောက် ချစ်စရာကောင်းတဲ့ သမီးလေး မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့နဲ့ အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
Photo: ချစ်သုဝေ
လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူး ချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက် နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။