ဦးကျော်သူက ပြည်မြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ရေရှားပါးတဲ့ မကျီးစမ်းကျေးရွာအတွက် သောက်ရေ၊ သုံးရေ အလှူကို မတ်လ၉ ရက်နေ့က သွားရောက်လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ ဒီကျေးရွာဟာ နွေရာသီ စပြီဆိုတာနဲ့ ရေရှားပါးတဲ့ ပြဿနာကြုံရတဲ့ ရွာလေးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဦးကေျာ်သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေလည်း ဆက်လက်လုပ်ကိုင်နေတာဖြစ်သလို ပရဟိတအလုပ်တွေမှာလည်း သူကိုယ်တိုင်ဦးဆောင်ပြီး လိုအပ်တဲ့နေရာတွေ မှာ အလှူအတန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူဟာ နာရေးကူညီမှု အသင်းကြီးသာမက ၊ ပရဟိတလုပ်ငန်းတွေ အပြင်၊ အခမဲ ပညာဒါနသင်တန်းတွေလည်း ဖွင့်လှစ်ထားတာကို တွေ့ရပါတယ်။
ဦးကျော်သူရဲ့ ‘’ဝရဇိန်’’ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ကားကြီးကတော့ ‘’၁၀၁၄’’ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဦးကျော်သူကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာ အဖြစ် ပါဝင်ခဲ့သူပါ။ အဲဒီနောက် သူကိုယ်တိုင် ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။
လက်ရှိမှာလည်း သူ့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ‘’ဂမ္ဘီရ မျက်လုံး’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို သရုပ်ဆောင် ထွန်းကိုကို၊ အလင်းရောင်၊ ပြေဇင် တို့နဲ့ ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။