နယူးကာဆယ်အသင်းပိုင်ရှင်မိုက်ခ်အက်ရှ်လေအနေနဲ့ အသင်းရဲ့ရှယ်ယာအလုံးစုံကိုရောင်းချဖို့ လွန်ခဲ့တဲ့ ၃နှစ် ကတည်းက စီစဉ်နေခဲ့သူလည်းဖြစ်ပါတယ်။
အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်လာနိုင်ချေအများဆုံးဖြစ်နေခဲ့တဲ့နယူးကာဆယ်အသင်းအနေနဲ့ နောက်ပိုင်း ညှိနှိုင်းမှုတွေအရ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့အကြား အနီးစပ်ဆုံးသဘောတူညီမှုအချို့ရရှိခဲ့ပြီဖြစ်တယ်လို့ ဗြိတိန် မီဒီယာတွေရဲ့ဖော်ပြချက်ကို thesun ကကိုးကားဖော်ပြလာပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသားအနေနဲ့အစောပိုင်းကာလကတည်းက နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပြီး နည်းပြဟောင်းဘင်နီတက်ဇ်ကို ပြန်လည်ခေါ်ယူဖို့အပြင် စတာလင်ပေါင်ဘီလျံများစွာရင်းနှီးမြှုပ်နှံဖို့အသ င့်ပဲလို့ ထုတ်ဖော်ပြောဆိုခဲ့သူလည်းဖြစ်ပါတယ်။
Dailygraph ရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းပိုင်ရှင်မိုက်ခ်အက်ရှ်လေအနေနဲ့ ဆော်ဒီအိမ်ရှေ့မင်းသား ရဲ့ပေါင်သန်း ၃၄ဝတန်ကြေးရှိ ကမ်းလှမ်းမှုကို သဘောတူခဲ့တာဖြစ်ပြီး နောက်ဆုံးအပြီးသတ်ဆွေးနွေးမှုတွေသာ ကျန်ရှိတော့တယ်လို့ အခို်င်အမာဖော်ပြထားတာလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်တွင် ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ အစောပိုင်းကတည်းက စီစဉ်နေခဲ့တဲ့ ဆော်ဒီအိမ်ရှေ့မင်းသား အနေနဲ့ အသင်းကိုလွှဲပြောင်းရယူဖို့ ၉ဝရာခိုင်နှုန်းအထိသေချာနေခဲ့ပြီဖြစ်ပြီး ဘဏ္ဍာရေးအရ ညှိနှိုင်းမှုအချိုု့ကို သာ ဆက်လက်ညှိနှိုင်းနေရတာဖြစ်ပြီး လာမယ့်ရက်သတ္တပတ်အတွင်း အပြီးသတ်အတည်ပြုသတင်းထုတ်ပြန် ဖို့ ရှိနေခဲ့တာပါ။
အရောင်းအဝယ်နဲ့ပတ်သက်ပြီး လက်ရှိအသင်းကိုထိန်းချုပ်ထားဆဲဖြစ်တဲ့ အသင်းပိုင်ရှင်မိုက်ခ်အက်ရှ်လေက တစ်စုံတစ်ရာအတည်ပြုခြင်းမရှိသေးသော်လည်း ဆော်ဒီအိမ်ရှေ့မင်းသားကတော့ အသင်းအတွက်စတာလင် ပေါင် ၁ဘီလျံနီးပါးအသုံးပြုဖို့ လျာထားပြီးဖြစ်တယ်လို့ အရိပ်အမြွတ်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး ကာတာစော်ဘွား ပိုင်ဆိုင်ထားတဲ့ မန်စီးတီးအသင်းလိုမျိုး ထိပ်တန်းအသင်းတစ်သင်းဖြစ်စေရမယ်လို့ထုတ်ဖော်ပြောဆိုမူတွေရှိနေ ပါတယ်။