'' ရာဇဝင်ရိုင်းခဲ့သည်'' ဇာတ်ကားအပေါ် ဇေရဲထက်ရဲ့ ရင်ဖွင့်သံ

ဇေရဲထက်က သူကိုယ်တိုင် အားကြိုးမာန်တက် သရုပ်ဆောင်ခဲ့ရတဲ့ ‘’ရာဇဝင်ရိုင်းခဲ့သည်’’ ရုပ်ရှင်ကားဟာ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆန်ခါတင် စာရင်းဝင်ထဲမှာ မပါဝင်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: ရာဇဝင်ရိုင်းခဲ့သည်



သရုပ်ဆောင် ဇေရဲထက်က ၂၀၁၈ ခုနှစ်အတွင်းမှာ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ အကယ်ဒမီထူးချွန်ဆု စိစစ်အကဲဖြတ်နေတဲ့ ဆန်ခါတင် ၂၅ ကားထဲမှာ မပါဝင်ခဲ့ပါဘူး။ ဒီအတွက် သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြထားပါတယ်။

‘’ငါကြိုးစားခဲ့ပါတယ်။ ငပေါနေရာရော၊ ပရမ်းပတာ ကာရိုက်တာရော လုံးဝ မူးလဲတဲ့အထိ မွန်းကြပ်စွာ သရုပ်ဆောင်ခဲ့ရတဲ့ကားတွေရော တစ်ကားမှမပါဘူး။ ကျွတော့်ကံပေါ့။ မှန်းလည်းမမှန်းထားပါဘူူူူး။ စိတ်မကောင်းတာက ဒီ ၂၅ ကားထဲတောင် မပါတာတော့ ကျွန်တေ်ာညံ့လို့ မပါတာလို့ပဲ ကျွန်တော့် ကိုချစ်တဲ့လူတွေ ကျွန်တော်ချစ်တဲ့လူတွေကို ပြောချင်ပါတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့ လို့ ကံတရားကိုပဲ ပုံချပါရစေ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက် ၁၁ နာရီ မနစ် ၄၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ရာဇဝင်ရိုင်းခဲ့သည်

ဇေရဲထက် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ရာဇဝင်ရိုင်းခဲ့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဇေရဲထက်ဟာ မျက်နှာများတဲ့ လူငယ်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါပေမယ့် ဒီဇာတ်ကားဟာ ပညာပေး ဇာတ်ကားတစ်ကားဖြစ်တယ်လို့လည်း ပရိသတ်တွေက Comment ကနေတဆင့် ပြောပြထားတာ တွေ့ရပါတယ်။

Photo: ရာဇဝင်ရိုင်းခဲ့သည်

‘’ ရာဇဝင် ရိုင်းခဲ့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးကို CKKP ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဇေရဲထက်နဲ့ အတူ အောင်လေး၊ ခင်ဇာခြည်ကျော်၊ ဇင်ဇင်ဇော်မြင့်တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ စာရေးဆရာမ ရွှေရေးထင်ထင် ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ခဲ့တာပါ။

Photo: ရာဇဝင်ရိုင်းခဲ့သည်

ဇေရဲထက်(Zay Ye Htet) ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေစလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက်ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေ ကြားကနေ အခုဆိုရင် အောင်မြင်တဲ့အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က