ခင်ဘုဏ်း၊ ရေဗက္ကာဝင်း၊ ယုဇန နဲ့ မေစံပယ်ညိုတို့ လေးယောက်ပေါင်း သီဆိုထားတဲ့ ' အရင်လို အသက်ရှုမဝတဲ့ ပဋိပက္ခ အလွမ်းနေ့ရက် ရှည်' ဆိုတဲ့ သီချင်းအသစ်ကို ဒီနေ့ မနက်မှာပဲ ခင်ဘုဏ်းရဲ့ Facebook Page ကနေတဆင့် မိတ်ဆက် ပေးခဲ့ ပါတယ်။မိတ်ဆက်ပေးလိုက်တဲ့ ၅ နာရီအတွင်းမှာလည်း အားပေးကြည့်ရှု သူပရိသတ်ပေါင်း ၇ သောင်းကျော်ရှိခဲ့ပါတယ်။
Photo: Khin Phone Page
အဆိုတော် ခင်ဘုဏ်း၊ ရေဗက္ကာဝင်း၊ ယုဇန နဲ့ မေစံပယ်ညိုတို့ လေးယောက်ပေါင်း သီဆိုထားတဲ့ ' အရင်လို အသက်ရှုမဝတဲ့ ပဋိပက္ခ အလွမ်း နေ့ရက်ရှည်' ဆိုတဲ့ သီချင်းအသစ်လေးတစ်ပုဒ်ကို သြဂုတ်လ ၁ ရက်နေ့ မနက် ၈ နာရီကျော်က ခင်ဘုဏ်းရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ် ပေ့ချ်ပေါ်ကနေ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။
'' သီချင်းပုံစံလေးကလည်း အရမ်းလည်းမနှေးသလို အရမ်းလည်းမမြန်ပါဘူး။ ပုံမှန်လေးပဲ အသည်းကွဲသီချင်းဆိုပေမယ့် အရမ်းပျော်နေတဲ့ ပုံစံမျိုးလည်းမဟုတ်ပါဘူး။ ခင်ဘုဏ်း တစ်ယောက်တည်း တစ်ကိုယ်တော် သီချင်းလေးတွေ MTV လေးတွေ ရိုက်ဖို့ကိုလည်း ကြိုးစားနေ ပါတယ်'' လို့ ရေဗက္ကာဝင်းရဲ့ တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့တာပါ။
Photo: Khin Phone Page
' အရင်လို အသက်ရှုမဝတဲ့ ပဋိပက္ခ အလွမ်း နေ့ရက်ရှည်' သီချင်းကိုတော့ ခင်ဘုဏ်းကိုယ်တိုင်ရေးသားထားတာဖြစ်ပါတယ်။ ဒီသီချင်းရဲ့ သံစဉ်ရော၊ စာသားကိုရော ခင်ဘုဏ်းကိုယ်တိုင် အမေရိကမှာ နေထိုင်းရင်း အစအဆုံးပြင်ဆင်ခဲ့တာပါ။ ' အရင်လို အသက်ရှုမဝတဲ့ ပဋိပက္ခ အလွမ်း နေ့ရက်ရှည်' သီချင်းလေးကိုမိတ်ဆက်လိုက်တဲ့ ၅နာရီအတွင်းမှာ ကြည့်ရှုအားပေးသူ ပရိသတ်ပေါင်း ၇၄၀၀၀ ကျော်ရှိခဲ့ပါတယ်။
မြန်မာပြည်ကို လွမ်းနေတဲ့ ခင်ဘုဏ်း
ခင်ဘုဏ်းဟာ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ နှစ်အတော်ကြာ အလှမ်းဝေးနေခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံကို မကြာခဏဆိုသလို မိသားစုနဲ့ သူငယ်ချင်းတွေဆီကို အလည်အပတ် ရောက်ရှိတတ်ပါတယ်။သူ့ ပရိသတ်တွေအတွက် သီချင်း အသစ်တွေကိုလည်း အွန်လိုင်း ကနေ မိတ်ဆက်ပေးဦးမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Khin Phone Page
အဆိုတော်ခင်ဘုဏ်းတစ်ယောက်ကတော့ အခုလက်ရှိ အမေရိကမှာ နေထိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပြည်ပမှာရှိတဲ့ ဂီတအကြောင်း တွေကိုလည်း လေ့လာဖြစ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ခင်ဘုဏ်းချစ်ရတဲ့ ပရိသတ်တွေအတွက် သီချင်းတွေလည်း ဆက်လုပ်ဖြစ် နေတယ်လို့ သိရပါတယ်။