အခုသူတို့အဖွဲ့နဲ့လည်း ဆက်သွယ်ပြီး လှူဒါန်းနိုင်တာတဲ့။

ကရင်ပြည်နယ်မှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေဆီကို သွားရောက်ကူညီနေတဲ့ ဝေဠုကျော်က ရေဘေးအတွက် ဝိုင်းဝန်းကူညီဖို့ တိုက်တွန်းလိုက်ပါတယ်။ လိုအပ်ချက်တွေအများကြီး ရှိနေသေးတာကြောင့် ပြည်နယ်အစိုးရတွေကို အားလုံးဝိုင်းကူညီပြီး အဆင်ပြေတဲ့ နေရာကနေ လှူပေးကြဖို့ ပြောထားပါသေးတယ်။

Photo : ဝေဠုကျော် FB




ပြည်သူတွေအတွက်ဆို အမြဲတမ်း အဆင်သင့်ရှိနေတဲ့ သရုပ်ဆောင် ဝေဠုကျော်က ယခုလက်ရှိ ကရင်ပြည်နယ်မှာ ရှိတဲ့ ရေဘေးသင့် ပြည်သူ တွေဆီ သွားရောက်ကူညီနေတာတွေ့ရပါတယ်။ကရင်ပြည်နယ်မှာ ရှိတဲ့ ရေနစ်မြှစ်နေတဲ့ ရွာများကို ကူညီထောက်ပံ့နေရင်းနဲ့ လိုအပ်ချက် တွေ အများကြီး ရှိနေသေးတာကြောင့် ရေဘေးအတွက် ဝိုင်းဝန်းကူညီဖို့အတွက် ဝေဠုကျော်က တိုက်တွန်းထားပါသေးတယ်။

Photo : ဝေဠုကျော် FB


"ကရင်ပြည်နယ်မှာရှိတဲ့ ရေကြီးရေလျှံနေအတွက် ကြုံတွေ့နေတဲ့ ဒုက္ခတွေကို ပြည်နယ်အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်းပြီးတော့ ပါဝင်ကူညီပေးနေပါတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။  အခုလောလောဆယ်တော့ အသင့်စားဖြစ်တဲ့ ငါးသေတ္တာ၊ ခေါက်ဆွဲ ခြောက်၊ အသင့်စားဖြစ်တဲ့ မုန့်၊ အချိုရည်ဗူးတွေ လိုအပ်သလို ဆန်လည်း လိုအပ်နေပါတယ်။ အလှူရှင်တွေအနေနဲ့ လှူဒါန်းချင်ရင် ပြည်နယ် အစိုးရကိုတိုက်ရိုက် လှူဒါန်းလို့ ရသလို ကျွန်တော့်ဖောင်ဒေးရှင့်ကတစ်ဆင့်လည်း ကျွန်တော်လှူပေးပါ့မယ်။" လို့ ဝေဠုကျော်ဖောင်ဒေးရှင်း မှာ တင်ထားတဲ့ ဗီဒီယို ဖိုင်ထဲကနေ ပရိသတ်တွေအတွက် ပြောထားတာပါ။


Photo : ဝေဠုကျော် FB

ရေဘေးမှာ ဝေဠုကျော်နဲ့အတူ လုပ်အားပေးခဲ့တဲ့ ကိုလူချော အဖွဲ့ဝင်များ 

လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာကြောင့် ပြည်နယ်အစိုးရတွေကို အားလုံးဝိုင်းကူညီပြီး အဆင်ပြေတဲ့ နေရာကနေ လှူပေးကြဖို့ ပြောထားပါသေးတယ်။ ပြည်သူအားလုံး ဝိုင်းကူမယ်ဆိုရင် ဒုက္ခရောက်တဲ့ သူတွေအတွက် အမြန်ဆုံး အဆင်ပြေသွားနိုင်မှာပါလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူပြည်သားအားလုံး သဘာဝဘေးများမှာ ကင်းဝေးနိုင်ကြပါစေလို့လည်း သူပြောထားတဲ့ ဗီဒီယိုဖိုင်လေးထဲမှာ ဆုတောင်းထားပါသေးတယ်။

Photo : ဝေဠုကျော် FB


သူကိုယ်တိုင် မပါဝင်နိုင်တဲ့ နေရာတွေမှာ ဝေဠုကျော် ဖောင်ဒေးရှင်း အဖွဲ့တွေ ခွဲပြီး ရေနစ်မြှပ်နေတဲ့ ဒေသအသီးသီးသို့ သွားရောက်ကူညီ နေကြပြီဆိုတာကိုလည်း ပရိသတ်တွေကို အသိပေးထားတာ တွေ့ရပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက

ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။


Photo : ဝေဠုကျော် FB


ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က