ပိုပိုက သူ့ရဲ့ အသက်အရွယ်နဲ့ အတွေးအပိုင်းအစ လေးတွေကို ပရိသတ်တွေ ဆီ မျှဝေပေးခဲ့ပါတယ်. ငွေ ဆိုတာထက် မေတ္တာ တရားကလည်း သူမအတွက် အရေးကြီးတယ်လို့ ဆိုပါတယ်.
Photo: ပိုပို
အဆိုတော်မလေး ပိုပို တစ်ယောက် လတ်တလောမှာ ပရိသတ်တွေကို သူမရဲ့ အကြောင်းလေးတွေ ဖွင့်ပြောပြလေ့ရှိပါတယ်. အခုလက်ရှိမှာလည်း သူမ အသက် အရွယ်နဲ့ သူမရဲ့ အတွေးအပိုင်းအစ လေးတွေကို ပရိသတ်တွေ ဆီ မျှဝေပြောပြလာပါသေးတယ်.
''အသက်ကြီးလာတော့တွေးမိတာလေးပါ. တစ်ခါတလေ လဲ ပိုက်ဆံတွေ ချည်းရှာပြီး ကပ်စည်းနည်း နေလို့မရဘူး. ပျော်ရွှင်မှူကိုလဲ ရှာရဦးမယ်လေ . ကိုယ်လဲ ပျော် သူများလဲ ပျော်အောင်ထားရမယ်. တစ်ခါတလေ အနည်းငယ်သော ပိုက်ဆံ နဲ့ ကိုယ့်ဘေးက လူတွေကိုလဲ စိတ်မညစ်စေချင်ဘူး .
ကိုယ့်ဘေးမှာရှိတဲ့ သူတွေ ကို တန်ဖိုးထားတတ်လာတယ် '' လို့ ဆိုပါတယ်.
Photo: ပိုပို
အဲ့ဒီနောက် ပိုပို ဟာ အခုချိန်မှာ သူ့ရဲ့ ဘေးမှာရှိတဲ့ အပေါင်းအသင်း. မိတ်ဆွေ. သူငယ်ချင်းတွေ နဲ့ အတူတူ အဆင်ပြေပြေ နေချင်တဲ့ အကြောင်း ပြောပြလာပါသေးတယ်. အရင်က ပြောဆို မိခဲ့တာတွေ အတွက်ကိုလည်း စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းကို ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၂ နာရီ က သူမရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ ရေးသားခဲ့တာပါ.
''ပိုက်ဆံက ပြန်ရှာလို့ရတယ် မေတ္တာတရားတွေ က ပြန်ရှာလို့မရဘူး (တခါတလေ ကောင်းစေချင်လို့ ဆူဆုံးမတာမျိူးတော့ရှိတာပေါ့) . ကိုယ့်အပြောလေး တစ်ချက်ကြောင့် သူများ စိတ်ဒဏ်ရာ မရစေချင်ဘူး ပြောရတာလွယ်တယ် ခံရတာကမလွယ်ဘူး. ငယ်ငယ်က တော့ စိတိမထိန်းနိုင်ပဲ ဆူတယ်ပြောတယ် နောက်ဆုံး စိတ်ဒဏ်ရာတွေ ပဲရရသွားကြတယ် '' လို့ ဆက်လက်ရေးသားထားပါတယ်.
Photo: ပိုပို
ပိုပိုဟာ အဘွားဖြစ်သူရဲ့ ဆုံးမ သွန်သင်မှု အောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်. သူမ အဘွားရဲ့ ဆုံးမ စကားတွေကိုလည်း ဒီနေ့ အထိတိုင် မမေ့ဘူး ဆိုတဲ့ အကြောင်းကိုလည်း အခုလို ပြောပြထားပါသေးတယ်.
'' ဘဝမှာနေတတ်ရင် ပျော်စရာကြီးပါ ခွင့်လွှတ်တတ်ဖို့ပဲ လိုတယ် ပြုံးပြုံးလေးပဲ အကောင်းဖက်က တွေးတော့လဲ အဆင်ပြေသွားတာပါပဲ အဘွား ပြောသလို ပဲ ဖြစ်သမျှ အကြောင်း အကောင်းတွေချည်းပါပဲ လေ '' လို့ သူက ဆိုပါတယ်.
Photo: ပိုပို
ပိုပိုဟာ အခုလက်ရှိမှာတော့ ဒဂုံတက္ကသိုလ် မှာ အဝေးသင်ကျောင်းသူအဖြစ် ဥပဒေမေဂျာကို လေ့လာဆည်းပူးနေသူဖြစ်ပါတယ်။ အဝေးသင် ကျောင်းသူဖြစ်တာကြောင့် စာမေးပွဲ မဖြေခင် အနီးကပ် ကျောင်း ၁၀ ရက်တက်နေတယ်လို့ သိရပါတယ်။ ပညာရေးမှာလည်း ကြိုးစားနေရတဲ့ အဆိုတော်မလေး ပိုပိုက အနုပညာဘက်မှာလည်း ပရိသတ်နဲ့ အဆက်မပြတ်သွားဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။