ဆုမြတ်နိုးဦးနဲ့ ကျော်ကျော်တို့က ချစ်သူတွေလား ဆိုတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေအပေါ် ဆုမြတ်နိုးဦးက အခုလို ပြောပြ လာပါတယ်။ ဒီ သတင်းတွေကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝမ်းကွဲသွားမှာ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။
သရုပ်ဆောင် ဆုမြတ်နိုးဦးရယ်၊ သရုပ်ဆောင် ကျော်ကျော်ရယ်၊ သရုပ်ဆောင် ညီထွဋ်ခေါင် တို့ရယ် က မောင်နှမအရင်းတွေလို ချစ်ကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ အဲ့ဒီမှာမှ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ကို တွဲနေကြတာလား ဆိုပြီးတော့ ပရိသတ်တွေ မေးခွန်းထုတ် လာကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆုမြတ်နိုးဦးကလည်း မီဒီယာတွေကနေတဆင့် ဖြေရှင်းပြောပြခဲ့ပါတယ်။
'' ပြည်သူသိတဲ့ အနုပညာရှင်တစ်ယောက်ဆိုပေမယ့် ညီမလည်း လူထဲက လူပါပဲ။ မြတ်နိုးဟာ ၂၁ ရာစုထဲမှာ ကြီးပြင်းလာတဲ့ လူထဲက လူ တစ်ယောက်ဆိုပေမယ့် မြန်မာမိန်းကလေးတစ်ယောက်ပါပဲ။ ဒီ့အတွက် အချစ်ရေးနဲ့ ပတ်သက်လု့ိ သေချာစဉ်းစားရတယ်၊ သိတာသိစေ မမြင်စေနဲ့ ဆိုသလိုပေါ့၊ ပရိသတ်ကို ပြောပြလို့ရတဲ့ဟာတွေ အကုန်လုံး ပြောပြမှာပါ'' လို့ သူကဆိုပါတယ်။
ကျော်ကျော်၊ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦးတို့ဟာ သွားအတူ၊ လာအတူ သူငယ်ချင်းတွေဖြစ်ပြီး အမြဲတမ်း တစ်တွဲတွဲ ဆုံနေကြသူတွေ ဖြစ်ပါတယ်။ အချစ်ရေးသတင်းအကြောင်းအရာတွေကြောင့် စိတ်ဝမ်းကွဲဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ စက်တင်ဘာလ ၁၁ ရက်နေ့က တစ်ခါက ဆတ်ချောင်း ရုပ်ရှင်ကား ကန်တော့ပွဲမှာ ဆုမြတ်နိုးဦးက ဖြေဆိုပေးခဲ့တာပါ။
'' မြတ်နိုးတို့ စိတ်ထဲမှာကတော့ Free ဆိုတော့ ဘာမှ မဖြစ်နေဘူး။ ဒီ ၃ ယောက်ဆုံပြီဆိုရင် ပြောင်မယ်၊ နောက်မယ်၊ စမယ်၊ ပြီးရင် ဘယ်လို မျိုး စခွီတွေ လုပ်ကြမယ်။ သွားကြတာ၊ စားကြတာက အစအတူတူပဲ။ ဒီ ၃ ယောက် စိတ်ဝမ်းကွဲဖို့ဆိုတာ၊ စိတ်အနှောက်အယှက် ဖြစ်သွား ဖို့ဆိုတာ မရှိပါဘူး'' ဆိုပါတယ်။
Photo: ကျော်ကျော်ဖေ့စ်ဘွတ်
ဆုမြတ်နိုးဦးကိုတော့ ''အဒေါ်ကြီး'' ဆိုပြီးတော့ ကျော်ကျော်က စနောက်တတ်တဲ့ နာမည်လေးခေါ်ဖြစ်တယ်လို့ဆိုပါတယ်။ ဆုမြတ်နိုးဦး ကလည်း ဦးကျော် ဆိုပြီးတော့ ပြန်နောက်တတ်တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။
'' ဦးကျော် လို့ခေါ်တာကလည်း သူက မြတ်နိုးကို ပြောလိုက်ရင် အဒေါ်ကြီး တို့၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ တကယ်တမ်းတော့ သူက ညီမ ထက် ၅ နှစ် ၆ နှစ်လောက်ကြီးတယ်။ တချို့ ဇာတ်ကားတွေ ရိုက်တာတောင်မှ မြတ်နိုးက အကြီးနေရာက၊ သူက အငယ်နေရာက သရုပ် ဆောင်ရတဲ့အခါကျတော့ လာလာ စတာပေါ့နော်'' လို့ ပြောပါတယ်။
သရုပ်ဆောင် ညီထွဋ်ခေါင်ရယ်၊ ကျော်ကျော်ရယ်၊ ဆုမြတ်နိုးဦး တို့ဟာ တကယ်ကို ချစ်စရာလည်းကောင်း ပျော်စရာလည်းကောင်းတဲ့ အနု ပညာမောင်နှမ ၃ ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း များသောအားဖြင့် ၃ ယောက် အတူတူ ပါဝင်သရုပ်ဆောင်ထားတာတွေလည်း ရှိပါသေးတယ်။