အခုချိန်ထိ နုပျိုလှပနေဆဲဖြစ်တဲ့ သရုပ်ဆောင် မယ်လိုဒီ တစ်ယောက် ကောင်လေးတစ်ယောက်ရဲ့ လက်ထပ်ခွင့် တောင်းခြင်း ကို ခံလိုက်ရတယ်တဲ့။
သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ သရုပ်ဆောင်မယ်လိုဒီဟာ သားလေးကို စောင့်ရှောက်ရင်း ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေသူပါ။ အခုချိန်ထိ နုပျိုလှပနေဆဲဖြစ်တဲ့ သရုပ်ဆောင် မယ်လိုဒီ တစ်ယောက် ကောင်လေးတစ်ယောက်ရဲ့ လက်ထပ်ခွင့် တောင်းခြင်း ကို ခံလိုက်ရတယ်လို့ သိရပါတယ်။
အဲ့ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၁၉) ရက်နေ့က ယခုလို ရေးသားထားတာတွေ့ရပါတယ်။
"ဘဝက အဟွာမနိုင် ပဲကြီးဟင်း စားမိမဟုတ်ဘူး။ကိုယ့်ဘာသာနေနေတာကို ကြိုးတုတ်ပြီး ဝမ်းနှုတ်ဆေး အကျွေးခံရတဲ့ဘဝ ။ဖုန်းနံပါတ်ရလို့ ဆိုပြီး ပရိတ်သတ်တွေကဖုန်းဆက် အားပေးချစ်ခင်ကြတာနားလည်ပါတယ်။ညဘက်တော့ မဆက်ကြနဲ့လေ အနူးအညွှန့်တောင်းပန်ပါ တယ်။ ဒီကြားထဲ ကောင်လေးတစ်ယောက်က လက်ထပ်ခွင့်တောင်းနေသေးတယ် cb ကနေ ကျွန်မအထင် သူ့သူငယ်ချင်းတစ် ယောက် ယောက်က ဆေးထိုးတာ ထင်ပါတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။
မင်းသမီး ဈေးရောင်းတာ မဆန်းပါဘူးလို့ ဆိုလာတဲ့ မယ်လိုဒီ
သူမဟာ ဖေ့စ်ဘွတ်ကနေ နေကြာစိ ရောင်းနေတာဖြစ်ပြီး နေကြာစိ ဝယ်လိုတဲ့ ပရိသတ်တွေ၊ မိတ်ဆွေတွေ အလွယ်တကူမှာ ယူနိုင်အောင် လည်း သူမရဲ့ ဖုန်းနံပါတ်ကို ပေးထားခြင်းလည်း ဖြစ်ပါတယ်။ သူမအနေနဲ့ အိမ်ထောင်သည် ကလေးတစ်ယောက်အမေဖြစ်တဲ့အတွက် တခြားအိမ်ထောင်ရှင်မတွေလိုပဲ အိမ်အလုပ် လုပ်နေရပါတယ်လို့ဆိုထားပါသေးတယ်။
အဲ့ဒါကြောင့်သူမမှာ အချိန်တွေ မပိုသလို အချိန်တွေ ပိုနေရင်လည်း ပရိသတ်တွေအတွက် ဖေ့စ်ဘွတ်မှာ Live လွှင့်တယ်လို့ ပြောပြထား ပါတယ်။
"ဝိုင်းကူတဲ့ညီမလေးက ခဏပြန် သားသားလေးက မေမေသာ သားဘဝဖြစ်နေချိန်အမေကဖျားနေကြာစေ့ကားတန်ဆာခက ဈေးကြီး နေကြာ စေ့ဒိုင်က ငွေဈေးတက်လို့ ဈေးတက်မယ်ပြောဒီဘက်မှာလဲ ဈေးလျော့ရောင်းမိချစ်တဲ့ပရိတ်သတ်ကြီးကလဲ ည၁၂နာရီလောက်ဖုန်း ဆက် ဒေါ်လာဈေးကတက်ရူးသွားရင်ရော ချစ်ကြဦးမှာလား" ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။
မယ်လိုဒီဟာ ၂၀၁၇ ခုနှစ်က စလို့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေး နဲ့ အတူ အနုပညာအလုပ်ရော၊ သားလေးရဲ့ ဝေယာဝိစ္စ၊ ခင်ပွန်းဖြစ်သူရဲ့ ဝေယာဝစ္စတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးနေရသူပါ။ ဒါပေမယ့် လည်း သူမဟာ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်တော့ ဇာတ်ကားတွေရိုက်ကူးဖြစ်နေပါတယ်။
သရုပ်ဆောင် မယ်လိုဒီဟာ မကြာသေးခင်က "Vertigo" လို့ အမည်ရတဲ့ ရောဂါတစ်မျိုးကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ဒီရောဂါကိုလည်း ၂၀၀၈ ခုနှစ်ကတည်းက ခံစားခဲ့ရတာလို့ ဆိုပါတယ်။ အခုတော့ ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်လို့ အနုပညာအလုပ်တွေလည်း ပြန်လုပ်နေပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။