မျှော်လင့်နေသူနဲ့ပါရမီဖြည့်ပေးသူတို့တွေ့ဆုံကြပြီလေ။

ဇေရဲထက်က ဒီနေ့မှာ သူ့ကို အရမ်းတွေ့ချင်နေတဲ့ ပန်းတနော်မှ အမာခံပရိသတ်ဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ဟာ အဲ့ဒီကောင်မလေးအတွက် အပျော်ဆုံး နေ့တစ်နေ့လို့ ဆိုရမှာပါ။

သရုပ်ဆောင် ဇေရဲထက်ဟာ ဒီနေ့(ဖေဖော်ဝါရီ၅ရက်)မှာ သူ့ကို အရမ်းတွေ့ချင်နေတဲ့ ပန်းတနော်မြို့မှ အမာခံပရိသတ် မိန်းကလေးဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဇေရဲထက်အလာကို မျှော်နေတဲ့ ကောင်မလေးအတွက် သူကိုယ်တိုင် လိုအပ်တာတွေ အလှူခံပြီး ဒီနေ့မှာ သွားရောက်တွေ့ဆုံခဲ့တာပါ။



ပန်းတနော်မှ အမာခံပရိသတ်အတွက် ဇေရဲထက်ရဲ့ Fan တွေရော၊ သူငယ်ချင်း အပေါင်းအသင်းတွေကပါ လိုအပ်တာတွေ လှူဒါန်းခဲ့သလို ဇေရဲထက်ကလည်း တတ်နိုင်သလောက် မုန့်ဖိုးပေးခဲ့တယ်လို့ Duwun Media သို့ ပြောပြခဲ့ပါတယ်။

“ညီမလေးကလည်း အလှူခံတာမဟုတ်ဘူးလေ။ ကျွန်တော့်ဘက်က တတ်နိုင်သလောက် မုန့်ဖိုးပေးတဲ့ သဘောပါ။ သူက ကျွန်တော့်ကို တွေ့ချင်တဲ့အတွက် လာတာ။ ကျွန်တော်ပေးတဲ့ပမာဏက နည်းနိုင်တယ်လေ။ ကျွန်တော့်ပရိသတ်တွေရော၊ ကျွန်တော့်သူငယ်ချင်းတွေက ပိုပေးတဲ့အခါကျတော့ သူပိုရတာပေ့ါ။ အကုန်လုံးကလည်း ဒီညီမလေးကို ချစ်နေတဲ့အတွက် အားလုံး ကုသိုလ်ရတောပေ့ါနော်။ သူက တော်တော်ကုသိုလ်ကံကောင်းတယ်လို့ပြောရမယ်။ ကျွန်တော်က တော်ရုံတန်ရုံ အိမ်အပြင်ထွက်တဲ့လူတောင် မဟုတ်ဘူး။ ပြီးတော့ ဒီလမ်းကလည်း အရမ်းကြမ်းတယ်လေ။ ဒါပေမဲ့ သူ့ကိုမြင်တော့ လာချင်တဲ့စိတ်တွေဖြစ်ပြီး ရောက်ချလာတာပါ” လို့ ဇေရဲထက်က ဆိုပါတယ်။

လမ်းခရီးကြမ်းပေမယ့်လည်း သူ့ကို စောင့်ကြိုနေတဲ့ ပရိသတ်တွေကို မြင်လိုက်ရတဲ့အချိန်မှာ ပင်ပန်းမှုတွေ ပျောက်သွားခဲ့တယ်လို့ ဇေရဲထက်က ပြောပါတယ်။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုတွေကိုမြင်ပြီး အားလုံးကလည်း ဝမ်းသာပီတိဖြစ်နေကြပါတယ်။

ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က