ဆေးကုသမှု ဆက်လက်ခံယူနေပါတယ်။

နေမကောင်းတဲ့ ကြားထဲက Myanmar Idol Grand Final မှာ သွားရောက်ဖျေ်ာဖြေပေးခဲ့တဲ့ သမီးလေးကိုကြည့်ပြီး အဆိုတော် အိအိက ယခုလို စာသားလေး ရေးသားထားတာဖြစ်ပါတယ်။

Photo : အိအိ FB

 

ချမ်းမြေ့မောင်ချိုအတွက် မိခင်ဖြစ်သူ အဆိုတော် အိအိက ဂုဏ်ယူလို့နေပါတယ်။ နေမကောင်းတဲ့ ကြားထဲက Myanmar Idol Grand Final မှာ သွားရောက်ဖျေ်ာဖြေပေးခဲ့တဲ့ သမီးလေးကိုကြည့်ပြီး အဆိုတော် အိအိက ယခုလို စာသားလေး ရေးသားထားတာဖြစ်ပါတယ်။

"သမီးလေး အတွက် အမေဂုဏ်ယူဝမ်းမြောက်လျက်ပါ.။ပျော်ပြီးမောသွားတယ် ထငိတယ်.။သမီးလေးကို ချစ်ပေးကြတဲ့ အားလုံး အားလုံး သော ချစ်သူ ခင်သူ မြတ်နိုးသူ များ တေယောက်ချင်းဆီကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်.." ဆိုပြီး အဆိုတော် အိအိရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၁၂) ရက်နေ့ ရေးသားထားတာတွေ့ရပါတယ်။

Photo : အိအိ FB

 

မောင်ချိုရဲ့ ပရိသတ်တွေကလည်း သူမကို ကျန်းမာရေး ဂရုစိုက်ဖို့ကိုလည်း ပြောထားကြပါသေးတယ်။ ပြိုင်ပွဲကြီး အပြီးမှာဆေးကုမှု ဆက်လက်ခံယူနေရတဲ့ ချမ်းမြေ့မောင်ချိုရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်နော်။ ချမ်းမြေ့ မောင်ချို ဟာ Winner ဆုကို မပိုင်ခဲ့ရပေမယ့်လည်း 1st Runner Up ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။

Photo : အိအိ FB

 

ချမ်းမြေ့မောင်ချိုက Grand Final ပွဲ မကျင်းပခင် သြဂုတ်လ ၉ ရက်နေ့ကစပြီး အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်းနဲ့ လေးဖက်နာ (ASO) တက်ခြင်း စတဲ့ ဝေဒနာတွေကြောင့် သုခကမ္ဘာဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့ Final ပြိုင်ပွဲ မစခင် ညနေ ၃ နာရီကလည်း Rehearsal အပြီးမှာလည်း ပြိုင်ပွဲဝင်တွေက ကျန်းမာရေး မကောင်းသေးတဲ့ ချမ်းမြေ့ မောင်ချိုကို သွားရောက်ပြီး အားပေးစကားပြောခဲ့ ကြပါတယ်။

 ပရိသတ်တွေကလည်း ချမ်းမြေ့မောင်ချိုတစ်ယောက်  နောက်ဆုံးပြိုင်ပွဲကို လာရောက်သီဆို နိုင် ခြင်းရှိမရှိကို အားလုံးက စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ခဲ့ကြ ပေမယ့် ပရိသတ်တွေ စောင့်မျှော်သလို လာရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။

Photo : အိအိ FB

 

ချမ်းမြေ့မောင်ချိုဟာ Myanmar Idol Grand Final ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိပေမယ့်လည်း သူမရဲ့ ပရိသတ်တွေအတွက် သီချင်း တစ်ပုဒ်နဲ့ လာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ တေးရေးကိုဝေကြီး ရေးသားထားတဲ့ "သင့်အတွက်မနက်ဖြန်" ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ် တွေကိုဖျော်ဖြေပေးခဲ့တာပါ။ 

အပြောခံရတာတွေများလို့ ဆက်မပြိုင်ဖြစ်ခဲ့တဲ့ ချမ်းမြေ့မောင်ချို 

အဲ့ဒီသီချင်းလေးဟာ Myanmar Idol Season 3 ရဲ့ Winner အတွက် ရေးပေးထားတဲ့ သီချင်းဖြစ်ပေမယ့်လည်း သူမက အဲ့ဒီသီချင်းလေးကို အရမ်းကြိုက်ခဲ့တာကြောင့် Winner ဖြိုးမြတ်အောင် က သူအတွက် အဲ့ဒီသီချင်းလေးကို လက်ဆောင်ပေးခဲ့ပါသေးတယ်။

'' အစကတည်းက သမီးက ဒီသီချင်းလေးကို ကြိုက်တာပါ။ ဒီသီချင်းကိုလည်း Winner ကပဲ ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ဟိုတစ်နေ့ကမှ ဆရာကလည်း ဒါက Winner ကပဲ ရမှာ ဒုတိယက မရဘူးဆိုတော့ ဒီသီချင်းကို ဆိုဖို့ ဒီနေရာကိုမရောက်ရောက်အောင် လာဆိုတာ မဆိုလိုက်ရမှာ စိုးလို့။ အခုလို သမီးကို သီချင်းလက်ဆောင်ပေးတဲ့ ကိုဖြိုးမြတ်အောင်ကို အရမ်းကျေးဇူးတင်ပါတယ်'' လို့ သြဂုတ်လ(၁၁) ရက်နေ့ ကျင်းပခဲ့တဲ့ Myanmar Idol Grand Final ပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

 

သြဂုတ်လ ၁၁ ရက်နေ့ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲမှာတော့ ပြိုင်ဘက်မရှိတဲ့ Winner ဆုရှင်အဖြစ် ဖြိုးမြတ်အောင်က ဆုငွေ သိန်း ၅၀၀ နဲ့အတူ မိုးမြန်မာ မီဒီယာက ထုတ်လုပ်ပေးတဲ့ Solo Album နဲ့ Music Album တို့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က