ပရိသတ်တွေ ဝမ်းသာလို့နေပါပြီ။

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီး ကျင်းပနေချိန်မှာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ချမ်းမြေ့မောင်ချို ရောက်လာပါပြီးချမ်းမြေ့မောင်ချို သီချင်းလာဆိုမယ်လို့ သိလိုက်ရချိန်မှာ သူ့ရဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် အရမ်းကို ပျော်ရွှင်ဝမ်းသာနေ ကြတာဖြစ်ပါတယ်။

Photo: Chan Myae Mg Cho Fb

 

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီး ကျင်းပနေချိန်မှာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ချမ်းမြေ့မောင်ချိုတစ်ယောက် ည ၁၂နာရီ ထိုးခါနီးမှာတော့ ပရိသတ်တွေရှေ့ ရောက်လာပါပြီ။ သူ့အနေနဲ့ ကျန်းမာရေး မကောင်းတဲ့ကြားက ဆေးရုံကားနဲ့ အတူ ဆေးသွင်းပိုက်တန်းလန်းကြီးနဲ့ လာရောက် နေတာဖြစ်ပါတယ်။

''  မောင်ချိုလာပြီလေ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သြဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဓာတ်ပုံနဲ့ အတူ တင်ခဲ့ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ Myanmar Idol ပွဲမှာ လာရောက်သီချင်းဆိုမယ်ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ Emoji လေးတွေနဲ့ ရေးတင်ခဲ့တာပါ။

Photo: Myanmar Idol Page

 

ချမ်းမြေ့မောင်ချို သီချင်းလာဆိုမယ်လို့ သိလိုက်ရချိန်မှာ သူ့ရဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် အရမ်းကို ပျော်ရွှင်ဝမ်းသာနေ ကြတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ပေါ် တင်လိုက်တဲ့ အချိန် ၁၄ မိနစ်အတွင်းမှာပဲ Comment ပေါင်း ၂၄၀၀ ကျော်ရှိခဲ့ပြီး Sharing ပေါင်း ၂၆၀၀၀ ကျော်တောင် ရှိခဲ့ပါတယ်။

အပြောခံရတာတွေများလို့ ဆက်မပြိုင်ဖြစ်ခဲ့တဲ့ ချမ်းမြေ့မောင်ချို 

ပရိသတ်တွေကလည်း ချမ်းမြေ့မောင်ချိုတစ်ယောက်  နောက်ဆုံးပြိုင်ပွဲကို လာရောက်သီဆို နိုင် ခြင်းရှိမရှိကို အားလုံးက စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ခဲ့ကြတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ မဟုတ်ပဲ ဖျော်ဖြေသူ တစ်ယောက်သက်သက်နဲ့သာ လာရောက်သီ ဆိုပေးခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ချမ်းမြေ့မောင်ချို ရောက်လာချိန်မှာ ပရိသတ်များစွာရဲ့ "မောင်ချို" လို့ ထပ်ခါထပ်ခါ အော်ဟစ်အားပေးသံတွေ ဆူညံလို့နေပါတယ်။ မောင်ချိုဟာ  နေမကောင်းတဲ့ကြားက သီချင်းတစ်ပုဒ်လုံး အကောင်းဆုံး သီဆိုသွားနိုင်တာကိုလည်း မြင်တွေ့ရပါတယ်။ မောင်ချိုသီချင်း သီဆိုနေချိန်မှာတော့ ပရိသတ်တွေအားလုံးကလည်း ဝမ်းနည်းမျက်ရည်ကျလို့နေပါတယ်။

Photo: Chan Myae Mg Cho Fb

 

ချမ်းမြေ့မောင်ချိုဟာ Grand Final ပွဲ မကျင်းပခင် သြဂုတ်လ ၉ ရက်နေ့ကစပြီး အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်းနဲ့ လေးဖက်နာ (ASO) တက်ခြင်း စတဲ့ ဝေဒနာတွေကြောင့် သုခကမ္ဘာဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့ Final ပြိုင်ပွဲ မစခင် ညနေ ၃ နာရီကလည်း Rehearsal အပြီးမှာလည်း ပြိုင်ပွဲဝင်တွေက ကျန်းမာရေး မကောင်းသေးတဲ့ ချမ်းမြေ့မောင်ချိုကို သွားရောက်ပြီး အားပေးစကားပြောခဲ့ ကြပါတယ်။

Share

Loading Next Article...
က္က