ပိုပိုတစ်ယောက် မောင်ဖြစ်သူရဲ့ စနောက်မှုကြောင့် မနက်စောစောစီးစီး ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်ခဲ့ရပါတယ်။
Photo : ပိုပို
အဆိုတော် ပိုပိုတစ်ယောက် မနက်အစော မောင်ဖြစ်သူရဲ့ စကားတစ်ခွန်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဥပဒေ တတိယနှစ်စာမေးပွဲကို မအောင်ဘူးဆိုတဲ့ သတင်းကြောင့် ပိုပိုတစ်ယောက် တော်တော့်ကို ဝမ်းနည်းခဲ့ရတာပါ။ မောင်ဖြစ်သူရဲ့ ပြောစကားကြောင့် ပိုပိုတစ်ယောက် ဝမ်းနည်းစွာနဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။
အဲ့ဒါက "ဒီမနက် ရဲ့ ဝမ်းအသာရဆုံး သတင်းက သမီး Law 3 rd year မအောင်ပါဘူး ။ စာမေးပွဲ မအောင်တဲ့ အထိမ်းအမှတ်နဲ့ Party လုပ်ပါမည် ။နောက်နှစ် ပြန်တွေ့ကြမယ်နော်။(ရှုပ်ပါတယ် Pool Party လုပ်မယ် ဝင်ကြေး ၁၀၀၀၀ စာမေးပွဲကျတဲ့သူတွေကို ၅၀၀၀ ပဲ hehe) ဆိုပြီး ဖေဖော်ဝါရီ(၁၁) ရက်နေ့ မနက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။
Photo : ပိုပို
ဒါပေမဲ့ ပိုပိုတစ်ယောက် စာမေးပွဲ ကျတယ်ဆိုတဲ့ သတင်းက အမှန်မဟုတ်ခဲ့ပါဘူး။ မနက်စောစောစီးစီး မောင်ဖြစ်သူရဲ့ ဆေးထိုးခြင်းကို ခံလိုက်ရတာပါ။ဆေးထိုးခံလိုက်ရတယ်ဆိုတာကိုလည်း သူမကိုယ်တိုင်က မသိခဲ့ပါဘူး။
“အဲ့ဒါပြောတာပေါ့ အစုတ်ပလုပ် အကျင့်ပုတ် မောင် က ၂၀၁၆ က ဟာကြီး လာပြပြီး ကျတယ်တဲ့ ချီးထုတ်ကောင် လာနောက်နေတယ် ဘူးထွားဗြဲ ဗြဲ နောက်စရာလား ကျပီ ထင်နေတာ အခုတော့ မျှော်လင့်ချက်ရှိသေးတယ် ပေါ့ ကောင်စုတ်လေး ခေါင်းခေါက်ပေးလိုက်တယ် ဒါနဲ့ ထွက်ပြီလား ဥပဒေ တတိယနှစ် Party ကတော့ အောင် အောင် ကျကျ Party လုပ်မယ် ဒါဗြဲ" ဆိုပြီး သူမက ဆက်လက်ပြောပြထားပါတယ် ။?
Photo : ပိုပို
ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။
အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။