ပိုပိုတစ်ယောက် ငယ်ငယ်က အလွဲလေးတွေကို ပြန် အမှတ်တရရင်း သဘောကျမဆုံးအောင် ဖြစ်လို့နေပါတယ်။ တကယ်ကို သဘောကျမိတဲ့ အလွဲကတော့ ၂ ချက်ရှိပါတယ်။
Photo: ပိုပို
အဆိုတော် ပိုပို တစ်ယောက် ခရီးသွားရာသီလေးမှာ ငယ်ငယ်က ခရီးသွားခဲ့ရတဲ့ အမှတ်တရလေးတွေ ပြန်မြင်ယောင်လို့ နေပါတယ်။ အသက် ၉ နှစ်အရွယ်က သွားခဲ့တဲ့ ကျိုက်ထီးရိုး ခရီးစဉ်လေးအကြောင်းကို သဘောကျ ရယ်မောရင်း အခုလို ပြောပြခဲ့ပါတယ်။
''ညဘက်ကြီး ကျိုက်ထီးရိုးရောက်တော့ ကလေးဆိုတော့ အိပ်ချင်ရော အဲ့ဒါနဲ့ ရင်ပြင်မှာ လျှောက်ကြည့်တော့ လူတွေ က ရင်ပြင် ကြမ်းပြင် မှာ အိပ်နေကြတာမြင်တယ် ကိုယ်လဲ အိပ်ချင်မူးတူး အိပ်ဖို့နေရာရှာရော အဲ့ဒါနဲ့ ကိုယ့်နားမှာ ဖျာတွေ ချထားတာ မြင်ရော ကိုယ်က တွေးမိတယ် ဘာလို့များ လူတွေက ဖျာပေါ်မှာ မအိပ် တာလဲပေါ့ အဲ့ဒါနဲ့ ကိုယ်က ခပ်တည်တည်နဲ့ တက် အိပ် လိုက်တယ် ( ကိုယ် က ငယ်ငယ်ထဲက အကောင်းကြိုက်တာ) နောက် ကျမှ အဘွားက လာနိတယ်ဘာလို့လဲ ဆိုတော့အဲ့ဒါ ဖျာရောင်းနေတာတဲ့ '' လို့ သူကဆိုပါတယ်။
Photo: ပိုပို
ပိုပို့ ရဲ့ အလွဲလေးတွေကို သဘောကျ ရယ်မောနေကြမယ့် ပရိသတ်တွေလည်း ရှိမှာပါ။ အဲ့ဒီနောက် နောက် ထပ် အလွဲတစ်ခု ကတော့ မောင်နှမတွေ ကြားမှာ အခုချိန်ထိ ပြောမဆုံးအောင်ပဲ ဆိုပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်စောစော ၁၂ နာရီ ၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
''နောက်တစ်ခုက နေ့ခင်း သွားရင်းသွားရင်း Toilet သွားချင်လာရော အဲ့မှာ ကလေးဆိုတော့ Toilet ဘယ်မှာ ရှာရမှန်း မသိဘူး လှေကားတွေပေါ်က ဆက်ဆင်းလာရော တနေရာရောက်တော့ "သေးမပေါက်ရ" ဆိုင်းဘုတ် ရောက်မှပဲ မထိန်းနိုင်လို့ " မ ထိန်းခဲ့ ပါ" ပေါ့။ မောင်နှမတွေက စ နောက်လို့မပြီးတော့ဘူး အမှတ်တရ တွေ ပေါ့။ ဒေါပိုက ကလေးဘဝထဲ က ရယ်ရတာ'' လို့ ဆက်လက်ရေးသားထားပါတယ်။
Photo: ပိုပို
ပိုပိုဟာ အခုလက်ရှိမှာတော့ ဒဂုံတက္ကသိုလ် မှာ အဝေးသင်ကျောင်းသူအဖြစ် ဥပဒေမေဂျာကို လေ့လာဆည်းပူးနေ သူဖြစ်ပါ တယ်။ အဝေးသင် ကျောင်းသူဖြစ်တာကြောင့် စာမေးပွဲ မဖြေခင် အနီးကပ် ကျောင်း ၁၀ ရက်တက်နေတယ်လို့ သိရပါတယ်။ ပညာရေးမှာလည်း ကြိုးစားနေရတဲ့ အဆိုတော်မလေး ပိုပိုက အနုပညာဘက်မှာလည်း ပရိသတ်နဲ့ အဆက်မပြတ်သွားဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။
Photo: ပိုပို
ပိုပိုရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Master Piece တစ်ကိုယ်တော် MTV အခွေလေးကို စက်တင်ဘာလ ၉ ရက်နေ့က The Sun Music Production ကနေ ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဒီ MTV မှာ အောင်ရဲလင်းက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အမိုက်စားတင်ဆက်မှုတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။