အေသင်ချိုဆွေ က မိခင်နဲ့ ပတ်သက်တဲ့ သူမရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ မိခင်ဖြစ်သူ နဲ့ တူတဲ့ အချက်တွေကလည်း အရမ်းကိုများပါတယ်။
photo: Athen choswe
အေသင်ချိုဆွေက ဇန်နဝါရီလ ၂၁ ရက်နေ့ မှာ ကျရောက်ခဲ့တဲ့ ‘’ အမေများနေ့’’ မှာ မိခင်နဲ့ပတ်သက်တဲ့ သူမရဲ့ ခံစားချက်တွေ ရင်ဖွင့်ပြောပြခဲ့ပါတယ်။
‘’ဒီအမေ နဲ့ ဒီသမီး က တူတဲ့ အချက်တွေအရမ်းကိုများပါတယ်။ဘာပဲဖြစ်ဖြစ် ဘဝတခုကို ရင်ဆိုင်နိုင်ဖို့ အရာတိုင်းကို ချင့်ချိန်တတ်အောင် ၊ ပူပင်တတ်အောင်၊ လွယ်လွယ်အလျှော့မပေးတတ်အောင်၊ မခံချင်စိတ်နဲ့ မဖြစ်ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ စိတ်ဓါတ်တွေက အမေဆီက အမွေရခဲ့တာပါ’’လို့ သူကဆိုပါတယ်။
photo:Athenchoswe
သူမဟာ အမေချစ် သမီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း သူမကိုယ်တိုင်က Ivy လေးရဲ့ မေမေ တစ်ယောက်ဖြစ်လို့နေပါတယ်။
‘’အမေရဲ့ အသွေးအသားတွေနဲ့ လူဖြစ်ခွင့်ရခဲ့တဲ့ အတွက် အမေ့ကိုကျေးဇူးအများကြီးတင်ပါတယ်။ အမေပေးတဲ့ စိတ်ခွန်အားတွေ နဲ့ ဘဝကိုရှေ့ဆက်ပြီးရှင်သန်နေထိုင်သွားပါ့မယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
photo: Athenchowswe
အေသင်ရဲ့ သမီးလေး Ivy ဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သမီးလေးဖြစ်ပါတယ်။ အရုပ်မလေးနဲ့တူလွန်းပြီး ချစ်ဖို့ကောင်းလှတဲ့ အေသင်ရဲ့ သမီးလေးဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေပါပြီ။ Ivy က ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ က အသက် တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။
Photo: A then choswe
အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာ အလုပ် တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။