ပရိသတ်တွေရဲ့ ခေတ်လေးနဲ့ သစ်လေးတို့က မေမေချစ်သုဝေနဲ့အတူ ကြော်ငြာတွေ ရိုက်ကူးလို့ နေပါတယ်။ခေတ်လေးထက် သစ်လေးက မေမေချစ်သုဝေနဲ့အပြိုင် အိုုက်တင်တွေ လိုက်လုပ်တတ်နေပါပြီ။ မေမေချစ်သုဝေလွှင့်တဲ့ Live လေးကို မကြည့်ရ သေးတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးထည့်ပေးလိုက်တယ်နော်။
ပရိသတ်တွေရဲ့ ခေတ်လေးနဲ့ သစ်လေးတို့က မေမေချစ်သုဝေနဲ့အတူ ကြော်ငြာတွေ ရိုက်ကူးလို့ နေပါတယ်။ ဒီနေ့(သြဂုတ်လ၂၈ရက်)က မေမေချစ်သုဝေနဲ့အတူ ကြော်ငြာအသစ်လေးကို ရိုက်ကူးနေတာ တွေ့ရပါတယ်။ ခေတ်လေးနဲ့ သစ်လေးတို့ ကြော်ငြာရိုက်နေစဉ်မှာ ချစ်သုဝေက ပရိသတ်တွေအတွက် Live လွှင့်ပေးထားပါသေးတယ်။
မေမေနဲ့အတူ ရိုက်ကွင်းမှာ သွက်သွက်လက်လက်နဲ့ ရိုက်ကူးနေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ကို ကြည့်ရရင်း ပရိသတ်တွေ အသဲယားလို့ နေကြပါတယ်။ ခေတ်လေးထက် သစ်လေးက မေမေချစ်သုဝေနဲ့အပြိုင် အိုုက်တင်တွေ လိုက်လုပ်တတ်နေပါပြီ။ မေမေချစ်သုဝေလွှင့်တဲ့ Live လေးကို မကြည့်ရသေးတဲ့ပရိသတ်တွေအတွက် ဗီဒီယိုလေးထည့်ပေးလိုက်တယ်နော်။
မေမေ ချစ်သုဝေဟာ သူ့ထက် သူ့ရဲ့ သမီးလေးတွေကို ချစ်ကြတဲ့ ပရိသတ်တွေရှိလို့ ဝမ်းသာကြည်နူးရတယ်လို့ ဆိုပါတယ်။ ချစ်စရာ ကောင်းပြီး အရွယ်နဲ့ မလိုက်အောင် လည်လွန်း၊ အတတ်မြန်လွန်းတဲ့ ခေတ်နဲ့ သစ်ရဲ့ အကြောင်းကိုလည်း မီဒီယာတွေ ကနေ တဆင့် ပြောပြခဲ့ဖူးပါသေးတယ်။
'' သူတို့လေးတွေကတော့ မမထက်တောင် အချစ်ခံရသေးတယ်ပေါ့နော်။ အဲ့ဒီအတွက်ကိုလည်း အမေတစ်ယောက်အနေနဲ့ ဘာနဲ့မှ မတူတဲ့ ကြည်နူးမှုလေးတော့ ဖြစ်မိတာပေါ့နော်။ ခေတ် နဲ့ သစ် တို့က သူတို့ အရွယ်ထက် အတတ်လည်း မြန်တယ်၊ ခေတ်ဆိုရင် အသီးတွေကိုလည်း အမျိုး ၂၀ လောက် သူသိနေပြီ။ တိရစ္ဆာန်လေးတွေ ဆိုလည်း သူ သိနေပြီ ပြောလည်း ပြောတတ်နေပြီ'' လို့ ဆိုပါတယ်။
ဖြူစင်လွန်းတဲ့ ချစ်ဇနီးရဲ့ အကျင့်လေးတွေကို ပြောပြလာတဲ့ လင်းလင်း
တစ်နှစ် နဲ့ လေးလ သမီးလေးတွေ ဖြစ်ကြတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ကိုလည်း မိခင်ဖြစ်တဲ့ ချစ်သုဝေက စည်းကမ်းရှိရှိ နေထိုင် တတ်အောင် သွန်သင်ဆုံးမတာတွေ ရှိတယ်၊ ကိုယ့်တာဝန် ကိုယ် ယူတတ်အောင်လို့လည်း သင်ပေးတာမျိုးတွေ ရှိတယ်လို့ သြဂုတ်လ ၁၀ ရက်နေ့ ချစ်သုဝေရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။
'' သမီးလေးတွေက လိမ်လည်း လိမ်မာကြပါတယ်။ သူတို့လေးတွေ အရွယ်ငယ်ပေမယ့် စည်းကမ်းလေးနဲ့ နေတတ်အောင်၊ သူတို့ တာဝန်လေး တွေ သူတို့ ယူတတ်အောင်၊ သူတို့ကိုယ် သူတို့ ယုံကြည်မှုရှိအောင် တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ သူတို့လေးတွေကို ပျိုးထောင်ပေးရတာ ပေါ့နော်'' လို့ သူကပြောပါတယ်။
မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ မေမေ ဖြစ်တဲ့ ချစ်သုဝေက လက်ရှိပိုင်ဆိုင်ထားတဲ့ အမြွှာသမီးလေးတွေကြောင့် အရမ်းကို ပျော်ရွှင် နေရပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်ကိုသာမက သမီးလေးတွေကိုလည်း ပရိသတ်အများကြီးက ချစ်ပေးကြလို့ ဝမ်းသာမဆုံး ဖြစ်ရတယ်လို့ ပြောပြပါသေးတယ်။
'' မမက သားသမီးရ ကံကောင်းတယ်၊ မမ သားသမီးလေးတွေကို ချစ်ကြတယ်။ အဲ့ဒီအတွက် သူတို့ကို နွေးနွေးထွေးထွေး မေတ္တာလေးတွေနဲ့ ပဲ သူတို့ကို ရှင်သန်စေချင်တယ်။ အဲ့ဒီ ဆုတောင်းလေး မမပြည့်ခဲ့တယ်။ သူတို့ကို မမြင်ရသေးခင်ကတည်းက ချစ်ကြတာ၊ ဘုရားသခင်ရဲ့ စောင့်ရှောက်ခြင်းကိုလည်း ခံရတယ်၊ ပရိသတ်တွေကလည်း သမီးလေးတွေကို ချစ်ပေးကြလိ့ု ဝမ်းသာတယ်'' လို့ ဆိုပါတယ်။
မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။
Share