သားအမိနှစ်ယောက် ရဲ့ ပုံလေးတွေက ကြည်နူးစရာကောင်းလှပါတယ်။

ခရစ္စတီးနားခီတစ်ယောက် ရာသီဥတုအခြေအနေကြောင့် ရိုက်ကွင်းဖျက်လိုက်ရတဲ့ အချိန်မှာ သားဖြစ်သူက ပျော်ရွှင်နေတဲ့အကြောင်း ပြောပြလာပါတယ်. လက်ရှိမှာတော့ '' Now & Ever '' ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာဖြစ်ပါတယ်.

Photo: ခရစ္စတီးနားခီ



ဒါရိုက်တာ ခရစ္စတီးနားခီက ဇန်နဝါရီလ ၇ ရက်နေ့ညက ရွာတဲ့ မိုးကြောင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်း နားလိုက်ရတဲ့ အခြေအနေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်. ဒါပေမယ့် သားလေး နိုဝါကတော့ ရိုက်ကွင်းဖျက်လိုက်ရတဲ့အပေါ် ပျော်ရွှင်လို့နေပါတယ်.

'' ညက တစ်ညလုံးရွာတဲ့မိုးကြောင့် ရူတင်ဖျက်လိုက်ရ...ကိုယ်ကမပျော်ပေမယ့် သူကအရမ်းကျေနပ်'' ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် ပျော်ရွှင်နေတဲ့ သားလေးနဲ့ သူမရဲ့ ဓာတ်ပုံတွေကိုလည်း အတူတွဲတင်ခဲ့တာကို တွေ့ရပါတယ်.

Photo: ခရစ္စတီးနားခီ

ခရစ္စတီးနားခီက လက်ရှိမှာ ''Now & Ever'' (ထာဝရနှောင်ကြိုး) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာပါ. ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဇာဏ်ခီ . ပိုင်ဖြိုးသု နဲ့မြင်စိုင်းသား အောင်အောင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်. ဒီဇာတ်ကားကြီးထဲမှာ ပါဝင်သွားမယ့် နောက်ထပ် မျက်နှာသစ် သရုပ်ဆောင်တွေကိုလည်း သေသေချာချာ ရွေးချယ် စိစစ်ပြီးမှ ပါဝင်သရုပ်ဆောင်စေခဲ့တယ်လို့ သိရပါတယ်.

Photo: ခရစ္စတီးနားခီ

ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့ပြန် ပါတယ်။

Photo: ခရစ္စတီးနားခီ

ဒါရိုက်တာ ခရစ္စတီးနားခီက စာရေးဆရာမကြီး ကြည်အေးရဲ့ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့ '' မောင်၊ ကိုကိုနဲ့မြနန္ဒာ'' ဆိုတဲ့ ဝတ္ထုနဲ့အတူ စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့ '' တောမင်းသမီး'' ဆိုတဲ့ ဝတ္ထုစာအုပ်တွေကို ရုပ်ရှင်ရိုက်ကူးဖို့အတွက် နိုဝင်ဘာလ အတွင်းက ဝယ်ယူခဲ့သေးတယ်လို့လည်း သိရပါတယ်.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က