အသက်(၂၄)နှစ်ပြည့်သွားခဲ့ပါပြီ။

မေတိုးခိုင်က မွေးနေ့လေးမှာ သူမပြုလုပ်ချင်တဲ့ မွေးနေ့အလှူလေး လုပ်ခွင့်ရလို့ ပျော်နေတယ်လို့ ဆိုပါတယ်။ သူမကတော့ အသက်(၂၄)နှစ်ပြည့်သွားခဲ့ပါပြီ။

Photo : မေတိုးခိုင်

မေလ(၇) ရက်နေ့က သရုပ်ဆောင် မေတိုးခိုင်ရဲ့ မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့ကို အဓိပ္ပါယ်ရှိစွာနဲ့ ဖြတ်သန်းခွင့်ရတဲ့အတွက် ပျော်လို့နေပါတယ်။

"မနေ့က ၂၄ နှစ်ပြည့်မွေးနေ့လေး အဓိပ္ပာယ်ရှိစွာဖြတ်သန်းခွင့်ရတဲ့ အတွက် ပျော်တယ် ဖြစ်ချင်တာတွေ ဖြည့်ဆည်းပေးတဲ့ ဖေကြီး မေကြီး ကျေးဇူးပါ။ Golden Heart Animals Rescue Yangon ကို လှူဖို့ အကြံဉာဏ်ပေးတဲ့ အချစ်ဆုံးသူငယ်ချင်း ကျေးဇူးပါ ur best gift for me ဘုရားသွား ပါရမီဖြည့် အအေးဝေ ကုသိုလ် ပါဝင်ပေးကြတဲ့သူလေးယောက် ကျေးဇူးပါ။ အအေးကုသိုလ် ပါဝင်ပေးတဲ့ Sunkist Myanmar ကျေးဇူးတင်ပါတယ်။ ဝိုင်းဝန်းပြီး လှူဖို့ ပိုက်ဆံတွေစုပေးတဲ့ ဖူးရဲ့ Maykeys များလည်း ကျေးဇူးအထူးပါ “ ဆိုပြီး သူမနဲ့မွေးနေ့အလှူမှာ ပါဝင်ခဲ့တဲ့သူတွေကို ကျေးဇူးတင်စကားဆိုထားပါတယ်။

Photo : မေတိုးခိုင်

 မွေးနေ့လေးမှာ သူမအရမ်းလှူချင်တဲ့ Golden Heart Animals Rescue Yangon ကို သွားလှူခဲ့တာ ဖြစ်ပါတယ်။ မေတိုးခိုင်ဟာ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့အတူ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေရပြီလို့လည်း သိရပါတယ်။

"တီဝဲက ရုပ်ရှင်ရိုက်နေတဲ့ အချိန်ကျတော့ ဆရာတစ်ယောက်လို ဖြစ်သွားတာပေ့ါနော်။ အမှတ်တရတွေအများကြီးပါ။ ဘေးကနေလည်း တီဝဲက ညီမကို အများကြီး support ပေးပါတယ်။ မေမြို့ မှာ သွားရိုက်ရတယ်။ ရန်ကုန်လို ဟန်ဆောင်ပြိး ရိုက်ရတာဆိုတော့ အကျႌအပါးလေးနဲ့ ရိုက်ရတာ။ ခိုက်ခိုက်တုန်အောင်ချမ်းတယ်။အဲ့ဒါတွေတော့အ မှတ်တရပါပဲ" လို့ သူမက ဆိုပါတယ်။

 အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေး မေတိုးခိုင်က ယောကျ်ာလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလေးပါ။ သူ့ရဲ့ခပ်မိမိစတိုင်ကို သဘောကျတဲ့ မိန်းကလေးပရိသတ်တွေလည်း မနည်းလှပါဘူး။ အခုဆိုရင် သူမကို ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်း ထားတာတွေတောင်ရှိနေပါပြီဖြစ် သလို ဇာတ်ကားတွေလည်း ရိုက်ကူးနေရပါပြီ။

မတိုးခိုင်လေးဟာ အဒေါ်နဲ့ ရုပ်ချင်းဆင်ပြီး နုနယ်တဲ့ ရုပ်ရည်ရှိပြီး စကားပြောရင်လည်း ပွင့်လင်းလှတာကြောင့် လူချစ်လူခင်များပါတယ်။ အနုပညာအလုပ်တွေ စလုပ်ဖြစ်နေတဲ့ သူမကအနုပညာပိုင်းနဲ့ ပတ်သက်လို့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ဆီက ၁၀၀ရာခိုင်နှုန်း ထောက်ပံ့မှုတွေ ရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဖူးပါတယ်။

Share

Loading Next Article...
က္က