ပရိသတ်တွေလည်း ပီတိဖြစ်နေကြပါတယ်။

မွေးနေ့မှာ သူလုပ်ချင်တဲ့ အလှူဒါနတွေကို တစ်ခုချင်းပြုလုပ်ခဲ့တာပါ။ ကလေးသရုပ်ဆောင်ကတည်းကနေ ပရိသတ်တွေအချစ်ကို ရရှိထားတဲ့ အိစိကွေးဟာ အခုဆိုရင် အသက်(၁၈)နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။

နာရေးကူညီမှုအသင်းသို့ အလှူငွေလှူဒါန်းခဲ့တာပါ Photo : ACT

ကလေးသရုပ်ဆောင်ဘဝကနေ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက ဇန်နဝါရီ(၂၁) ရက်နေ့က အသက်(၁၈)နှစ်ပြည့်ခဲ့ပါပြီ။ သူ့ရဲ့ မွေးနေ့မှာ သူလုပ်ချင်တဲ့ အလှူဒါနတွေကို တစ်ခုပြီး တစ်ခု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အိစိကွေးဟာ မွေးနေ့မှာ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ မျက်ကြည်လွှာကို လှူဒါန်းခဲ့သလို နာရေးကူညီမှုအသင်းအတွက် အလှူငွေ(၃)သိန်းကိုလည်း လှူဒါန်းဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာ တွေ့ရပါတယ်။

မိခင်နဲ့အတူ မျက်ကြည်လွှာသွားလှူခဲ့တာ Photo : ACT

“ဒီနေ့ ကျွန်တော့ရဲ့ မွေးနေ့လေးမှာ ဆွမ်းလောင်းတယ်။ ခန္ဓာကိုယ် လှူတယ်။ မျက်ကြည်လွှာ လှူတယ်။ ဦးမောင်ရဲ့ နာရေးကူညီမှုအသင်းအတွက် အလှူငွေ ၃ သိန်းလှူဒါန်းဖြစ်ခဲ့ပါတယ်။နတ်လူ သာဓုခေါ်နိင်ပါစေ။ လူလောကထဲကို ခေါ်ဆောင်လာခဲ့တဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ်” ဆိုပြီး ဇန်နဝါရီ(၂၁) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။ အိစိကွေးရဲ့ မွေးနေ့အလှူဒါန်တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်နေကြပါတယ်။

အာရုံဆွမ်းလောင်း ကုသိုလ်ယူ Photo : ACT

 အိစိကွေးဟာ အနုပညာအလုပ်တွေ လုပ်နေတဲ့ကြားက ပရဟိတလုပ်ဖို့လည်း လက်မနှေးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။သူ ဒီလိုအလှူအတန်းတွေ လုပ်ဖြစ်တာကလည်း မိခင်ရဲ့ သင်ပြ၊ ပြောပြမှုတွေကြောင့်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

"အလှူအတန်းဆိုတာက ငယ်ငယ်လေးကတည်းက ဝါသနာပါတဲ့အရာပေါ့။ အမေက ငယ်ငယ်လေးကတည်းက ဘုန်းဘုန်းတွေ တွေ့ရင်ပဲ ဖြစ်ဖြစ်၊ အမေအိုကြီးတွေ တွေ့ရင်ပဲ ဖြစ်ဖြစ် အမြဲတမ်းလှူခိုင်းတာလေ။ အဲ့ဒီကနေမှ တဆင့် အကျင့်ဖြစ်သွားပြီးတော့ အခုဆို တွေးလိုက်ရင် မလှူရရင် မနေနိုင်ဘူး ကျော်သွားလို့လည်း မဖြစ်နိုင်ဘူးဆိုတော့ လှူဖြစ်နေတာပါ'' လို့ အိစိကွေးက ပြောပါတယ်။

Photo : ACT

အိစိကွေးဟာ သူ့ရဲ့ မွေးနေ့မတိုင်ခင် ဇန်နဝါရီ(၂၀) ရက်နေ့ညက ရှုတင်အဖွဲ့သားတွေနဲ့အတူမွေးနေ့အကြိုပွဲကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ လက်ရှိမှာ “တုနှိုင်းမရတဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က