ပရိသတ်တွေရဲ့အလှူလည်းပါဝင်ခဲ့ပါတယ်။

နဝရတ်က စက်တင်ဘာလ ၆ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေနဲ့ အတူ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်း ခဲ့ပါတယ်။

41193943_2236885576546801_1091114069064155136_n.jpg

Photo: နဝရတ်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် နဝရတ်က စက်တင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ကို ပြင်ဦးလွင်မြို့မှာရှိတဲ့ မိဘမဲဂေဟာမှာ အလှူအတန်း တွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအလှူတွေ ထဲမှာလည်း သူ့ရဲ့ ပရိသတ်တွေ စုပြီး လှူခဲ့တဲ့ အလှူငွေတွေကိုပါ ထည့်သွင်း လှူဒါန်းခဲ့တယ် လို့လည်းပြောပြခဲ့ပါတယ်။

'' We Love nawaratt က fans တွေစုပြီးလှူကြတဲ့ အလှူငွေ ၂၇၀၀၀၀ နဲ့ မနက်ပိုင်း ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီး နေ့လယ်ပိုင်း ပြင်ဦး လွင် မြို့ထဲက ခွေးလေးတွေအတွက် ထမင်းနဲ့အသားဟင်း တွေလိုက်ကျွေးဖြစ်ခဲ့တဲ့ မွေးနေ့တုန်းက အလှူလေးပုံလေးတွေ ခုမှတင်ဖြစ်တယ်'' ဆိုတာကို စက်တင်ဘာလ ၈ ရက်နေ့ နေ့လည် ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: နဝရတ်ဖေ့စ်ဘွတ်

 

ပရိသတ်တွေရဲ့ အားပေးမှုကို အခုထက်တိုင် ရရှိထားတဲ့ သရုပ်ဆောင် နဝရတ်က မိခင်ကို အနီးကပ် ပြုစုစောင့် ရှောက်ပေး လျက်ရှိပါတယ်။ သူမဟာ မိခင်ကို စောင့်ရှောက်ပေးရင်းနဲ့ အိမ်မှာပဲ သူမဝါသနာပါရာလေးတွေကို လုပ်နေတတ်သူလည်း ဖြစ်ပါတယ်။ နဝရတ် ဟာ ဖခင်ကြီး ဆုံးပါးသွားပြီးနောက်ပိုင်း ကျန်မားရေးသိပ်မကောင်းတဲ့ မိခင်ကြီးကို ပိုပြီး အနီးကပ် ပြုစုစောင့်ရှောက် ပေးနေသူပါ။

Photo: နဝရတ်ဖေ့စ်ဘွတ်

မိခင်ကို စိတ်မချလို့ အပြင်တောင်မထွက်ဖြစ်တဲ့ နဝရတ် 

သူမကိုယ်တိုင် ပြုစုစောင့် ရှောက်ခွင့်ရခဲ့ပေမယ့်လည်း ဖခင်ကြီး ဆုံးပါးချိန်မှာ တော်တော်ကို ဝမ်းနည်းနေခဲ့ ရပါတယ်။ အနုပညာ အလုပ် တွေကို ပြန်လုပ်ဖို့ စိတ်ကူးမရှိတော့ဘူးလို့ အင်တာဗျူး တော်တော်များများမှာ ဖြေဆိုထားဖူးပါတယ်။ နဝရတ် ဟာ ဇာတ်ရုပ်တိုင်းကို သဘာဝကျကျနဲ့ ပီပြင်စွာ အပိုအလိုမရှိ သရုပ်ဆောင်ပိုင်နိုင်မှုကြောင့် ယခုထက်တိုင် ပရိသတ်အားပေးမှုကို ရရှိထားပါ။

Photo: နဝရတ်ဖေ့စ်ဘွတ်

 

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဦးစီးပြီးအပျိုကြီးဘဝနဲ့ တစ်ယောက်လည်း ဖြတ်သန်းကာ မိသားစုနဲ့အတူ ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့်လည်း သူမရဲ့ ဖေ့စ်ဘွတ် မှာတော့ သူမရဲ့ လှုပ်ရှားမှု တွေကို အမြဲတမ်း တင်လေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေသူလည်း ဖြစ်ပါတယ်။

Share

က္က