တကယ်လိုအပ်တဲ့နေရာလေးပါ။

ဝိုင်းလေးရဲ့ မွေးနေ့ပွဲကိုတော့ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံအနီးမှာရှိတဲ့ မဟာနွယ်ကျောင်းမှာ ပျော်ပျော်ပါးပါး အလှူအတန်းတွေလုပ် ရင်း ဖြတ်သန်းခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တဲ့အရာလေးတွေကိုလည်း ဝိုင်းလေးက ပြောပြလာပါတယ်။

Photo: ဝိုင်းလေးဖေ့စ်ဘွတ်

 

အလှမယ်၊ သရုပ်ဆောင်၊ အဆိုတော်ဝိုင်းလေးက သြဂုတ်လ ၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့ပွဲကိုတော့ အလှူအတန်းတွေနဲ့ ဖြတ် သန်း ခဲ့ပါတယ်။ ဒီအလှူလေးကိုတော့ ရန်ကုန်တိုင်း ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံအနီးမှာရှိတဲ့ မဟာနွယ်ဘုန်းကြီးကျောင်းမှာ အချိုရည်၊ မုန့်တွေ နဲ့ ဆေးတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

''ကျောင်းသူ/သား ၁၂၀ ကျော်အတွက် ကျောင်းသုံး စာရေးကိရိယာများ ကျောင်းစိမ်းများ ဆန် ဆီ ဆပ်ပြာနှင့် အခြားလိုအပ်တဲ့ ပစ္စည်းများ လှူဒါန်းခဲ့ပါတယ်ရှင်အလှူလိုက်ပါပေးကြတဲ့ သူငယ်ချင်းများ Media များ အားလုံးကို ကျေးဇူးတင်ပါတယ်နော် အရမ်းပီတိ ဖြစ်ရပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၄ ရက်နေ့မနက် ၁၀နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဝိုင်းလေးဖေ့စ်ဘွတ်

 

မဟာနွယ်ကျောင်း မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၂၀ ကျော်ရှိပြီး နေထိုင်ဖို့အဆင်မပြေတာတွေ ရှိတာကြောင့် ကျောင်းဆောင် ဆောက်ဖို့ အတွက် လိုအပ်နေသေးတဲ့ အကြောင်းကိုလည်း ဝိုင်းလေးက ဆက်လက်ပြောပြထားပါသေးတယ်။

''ဒီ မဟာနွယ်ကျောင်းလေးက အလှူရှင်တွေ လိုအပ်နေပါသေးတယ် ကျောင်းသူ/သား ၁၂၀ ကျော်အတွက် ထောက်ပံ့စားနပ်ရိပ်က္ခာနဲ့ အဓိက ကျောင်းသားလေးတွေအတွက် အဆောင် ဆောက်လုပ်ဖို့ အလှူငွေဖြစ်ပါတယ်။ လှူဒါန်းလိုပါက - ဆရာတော်ဖုန်း -09444772060 ကို ဆက် သွယ် လှူဒါန်းနိုင်ပါတယ်နော်'' ဆိုပြီးတော့လည်း လှူဒါန်းပေးကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

Photo: ဝိုင်းလေးဖေ့စ်ဘွတ်

အနုပညာအလုပ်နဲ့ မိဘကို ကျေးဇူးဆပ်ခွင့်ရလို့ ပျော်နေတဲ့ ဝိုင်းလေး 

လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ ဝိုင်းလေး ဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင်တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေ သူ လည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: ဝိုင်းလေးဖေ့စ်ဘွတ်

ဝိုင်းလေးဟာ ဖေ့စ်ဘွတ်ပေါ်မှာ  အချစ်ရေးအကြောင်းထက်  သူမရဲ့အနုပညာလှုပ်ရှားမှုအကြောင်းတွေကိုသာ ပြောပြတတ်သူပါ။ အဆိုတော် ဝိုင်းလေးက  Miss Myanmar World 2014 ရဲ့ အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။  ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစား နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က