စစ်ကိုုင်းမှာ ဝတ်မှာတဲ့။

ကိုယ့်ရဲ့ ဆံပင်တွေကို စွန့်လွှတ်ခြင်းကလည်း ကိုယ့်ရဲ့ အတ္တကို စွန့်လွှတ်ခြင်းတစ်မျိုးပါ။ ဒါကြောင့် သူမက သူမအရမ်းတန်ဖိုးထားတဲ့ ဆံပင်ကိုနှမြောပေမယ့် စွန့်လွှတ်ပြီး သီလရှင်ဝတ်ဖို့ ဆုံးဖြတ်တာတဲ့။

အဆိုတော် ပိုပိုက မွေးနေ့မှာ မယ်သီလရှင်ဝတ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ မေလ(၁၆) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ အသက်(၂၉)နှစ်ပြည့်မှာ မယ်သီလရှင်ဝတ်မှာလို့ သူမက ပြောပါတယ်။ အသက်ကြီးလာပြီဆိုတော့ လိမ်လိမ်မာမာနေရတော့မယ်လို့လည်း သူမက ဆိုပါတယ်။

“ဘာလို့လည်းဆိုတော့ အသက်ကကြီးလာပြီ လိမ်လိမ်မာမာ ပိုနေရတော့မယ်။ သီလရှင်ဝတ်ချင်တဲ့စိတ်ကို ဖြစ်လာတာ။ ဆံပင်တွေလည်း လျှောက်ဆိုးတယ် လျှောက်လုပ်တယ်ဆိုတော့ ဝတ်လိုက်တော့မယ်ဆိုပြီး တွေးထားတာ။ စစ်ကိုင်းမှာ ဝတ်ဖို့ စီစဉ်ထားတယ်။ ဘယ်နှစ်ရက် ဝတ်မလဲဆိုတာကတော့ မပြောသေးဘူးနော်” လို့ ဇန်နဝါရီ(၁၂) ရက်နေ့က ပြုလုပ်တဲ့ City FM ပွဲမှာ Duwun media သို့ ဖြေဆိုပေးခဲ့တာပါ။

ဆံပင်တွေကို နှမြောပေမယ့်လည်း မယ်သီလရှင်ဝတ်ချင်တဲ့ စိတ် အရမ်းဖြစ်နေတာကြောင့ ်ဝတ်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။

“နှမြောတယ်။ ပိုပိုက ဆံပင်အရှည်ထားတာ (၈)တန်းကတည်းက ထားတာ။ ပရိသတ်တွေအကုန်သိတဲ့အတိုင်းပဲ တင်ပါးထိအောင် ဆံပင်က ရှိတယ်လေ။ အခုချိန်ကျမှ ဆံပင်ညှပ်ညှပ်နဲ့ အရောင်တွေ ဆိုးတာလေ။ ဆိုတော့ တစ်ခါတလေကျတော့လည်း လူတွေက ဆံပင်ဆိုတာလည်း အတ္တပဲလေ အဲ့အတ္တကို ချွတ်ချနိုင်မှသာ ကိုယ်ကမယ်သီလရှင်ဝတ်ဖြစ်တာလေ။ မယ်သီလရှင်ဝတ်တယ်ဆိုတာ လွယ်လွယ်လေးတော့မဟုတ်ဘူး။ ကိုယ်ရဲ့ အတ္တတွေကို ဖြတ်ချနိုင်ရတယ်လေ။ အဲ့တော့ဝတ်မယ်” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ အဆိုတော် ပိုပိုရဲ့  MasterPiece စီးရီးခွေကို မကြာခင်မှာ MTV အဖြစ် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အမိုက်စား ရိုက်ကူးမှုတွေ ပါဝင်ထားတဲ့ ပိုပိုရဲ့ MasterPiece MTV & DVD အခွေကို စက်တင်ဘာ(၉)ရက်နေ့မှာ The Sun ကနေ တဆင့် မြန်မာပြည်အနှံ့ ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ပိုပိုကဆိုပါတယ်။

Share

Loading Next Article...
က္က