ရေစက် တစ်စက် အတွက် သိန်း(၅၀) လှူဒါန်းခဲ့တာပါ။

ထွန်းအိန္ဒြာဗိုလ်က သူမရဲ့ မွေးနေ့မှာ ရွှေနန်းတော်မိသားစုရဲ့ အလှူရေယာဉ်ကြောမှာ ရေစက်တစ်စက်အတွက် သိန်း (၅၀) လှူဒါန်းခဲ့တယ်တဲ့။

Photo : ထွန်းအိန္ဒြာဗိုလ်

ဒီနေ့(မေလ၁ရက်)က ဝါရင့်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့ မွေးနေ့ပါ။ သူမရဲ့ မွေးနေ့မှာ မိသားစုနဲ့အတူ အလှူအတန်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

ရှေွှနန်းတော် မိသားစုရဲ့ အလှူရေယာဉ်ကြောမှာ အလှူရေစက် တစက် အဖြစ် ကျပ်သိန်း ၅၀ ပါဝင်ပြီး ဘုရား တရား သံဃာ ရတနာ ၃ ပါးကို ဆည်းကပ်ပူဇော် လှူဒါန်းခွင့်ရတဲ့အတွက် ရွှေနန်းတော်မိသားစုကို ကျေးဇူးတင်ပါတယ် ။ အားလုံး သာဓု ခေါ်ဆိုခြင်းဖြင့် ထပ်တူ ကုသိုလ် ရရှိကြပါစေရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာမေလ(၁) ရက်နေ့က ရေးသားထားတာပါ။

Photo : ထွန်းအိန္ဒြာဗိုလ်

သူမရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးထားကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

“ကျွန်မ မွေးနေ့အတွက် ဆုတောင်းပေးကြသော မိဘ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများ နဲ့.........့ လှူဒါန်းဒါနပြုပေးကြသော Sky net up to date မှာ ဆုတောင်းပေးကြသော လက်ဆောင်များပေးပို့ကြသော ဆုတောင်းမေတ္တာပို့ကြပါသော ကျမရဲ့ ချစ်ပရိတ်သတ်များ တယောက်ချင်းစီကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်” ဆိုပြီး ဆက်လက်ပြောထားပါတယ်။

 ထွန်းအိန္ဒြာဗိုလ်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူပါ။ လက်ရှိမှာ သူမဟာ ဇာတ်ကားရိုက်ကူးတွေ နားထားပြီး သားလေးအတွက် အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

သူမ ဟာ ဂီတဘက်မှာလည်း အောင်မြင်တဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုတွေနဲ့ ထူးချွန်သူ တစ်ယောက် ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က