အောက်တိုဘာ(၂) ရက်နေ့က လင်းလင်းရဲ့ မွေးနေ့ပါ။

အောက်တိုဘာ(၂) ရက်နေ့က အဆိုတော် လင်းလင်းရဲ့ မွေးနေ့ပါ။ လင်းလင်းဟာ သူ့ရဲ့ မွေးနေ့မှာ မိဘဆရာများကို ကန်တော့ ရင်း ရိုးရှင်းစွာ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။



မွေးနေ့က ပုံရိပ်

အောက်တိုဘာ(၂) ရက်နေ့က အဆိုတော် လင်းလင်းရဲ့ မွေးနေ့ပါ။ လင်းလင်းဟာ သူ့ရဲ့ မွေးနေ့မှာ မိဘဆရာများကို ကန်တော့ရင်း ရိုးရှင်းစွာ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ အသက်(၃၅)နှစ် ပြည့်သွားတဲ့ လင်းလင်းဟာ ဘဝမှာ ဖြတ်သန်းခဲ့တွေကို ပြန်စဥ်းစားရင်း ငယ်စဉ်တုန်းက မိခင်နဲ့ ပြောခဲ့တဲ့  အကြောင်းလေးကို  ပြန်ပြောထားတာတွေ့ရပါတယ်။

"ကျွန်တော် ငယ်ငယ်က မေမေ့ကို ဒေါက်ချွန်၊ စက်ဝိုင်းခြမ်းတွေပါတဲ့ ကွန်ပါဘူးဝယ်ပေးဖို့ ပူဆာဖူးတယ်။ မေမေက ပြန်ပြောတယ်' သားရဲ့ စာသင်ခန်းထဲမှာ ဘောပင်တစ်ချောင်းတောင် အနိုင်နိုင် ဝယ်နေရတဲ့ ကလေးတွေအများကြီးဘဲ' တဲ့။ " ဆိုတဲ့ စကားလေးကို အောက်တိုဘာ (၂) ရက်နေ့က ပြန်ပြောပြထားတာတွေ့ရပါတယ်။

 

မိခင်ပြောတဲ့ စကားလေးကို ပြန်စဉ်းစားရင်း သူငယ်တန်းက အတန်းပိုင် ဆရာမကြီးဆီ သွားကန်တော့ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ "အဲ့ဒီအတိတ်ကလေးတစ်ခု ဒီနေ့တွေးမိတော့ သူငယ်တန်းက အတန်းပိုင်ဆရာမကြီးကို သွားကန်တော့ဖြစ်တယ်။ ကျန်းမာရေးမကောင်းဘူး မျက်လုံးတစ်ဖက်ကွယ်နေပြီ။ ပင်စင်လစာလေး သွားထုတ်ပြီးအပြန် ဆိုင်ကယ်တိုက်လို့ ခြေထောက်လဲကျိုးထားပါသေးတယ်။ ဆရာမကြီး နာမည်က ဒေါ်စောစောရွှေ တဲ့။ ကျနော့်ကိုတွေ့တော့ "အမလေး ငါ့သား ထွေးလင်းကို ကြီးလာတယ်" တဲ့။ ပုခုံးပေါ်ရောက်လာတဲ့ ဆရာမကြီး လက်ဟာ သူငယ်တန်းတုန်းက အတန်းထဲဝင်ဖို့ သိုင်းဖက်ပြီးခေါ်တဲ့ ဆရာမကြီးလက်နဲ့ နွေးထွေးမှုအတူတူဘဲ၊ မေတ္တာတရားအတူတူဘဲ၊ လုံခြုံမှုအတူတူဘဲ။ မတူတာတစ်ခုတော့ရှိတယ်,, အဲဒါ ကျနော့် ပုခုံးပါဘဲ  "လို့ ဆက်လက်ပြောပြထားပါသေးတယ်။

မိဘတွေကို ကန်တော့ခဲ့တဲ့ လင်းလင်း

 

ငယ်ငယ်တုန်းက လွယ်အိတ်တွေတင်ခဲ့တဲ့ ပုခုံး အခုဘာတွေ တင်ထားပါလိမ့်၊ ဘာတွေ ထမ်းထားပါလိမ့်ဆိုပြီး ထပ်ဆင့်အတွေးတွေက သူ့ရဲ့ ခေါင်းထဲ ဝင်ရောက်ခဲ့ပါသေးတယ်တဲ့။

"ငယ်တုန်းကတော့ လွယ်အိတ်ကလေးဘဲ တင်တဲ့ပုခုံး။ အခုဘာတွေ တင်ထားပါလိမ့်၊ ဘာတွေ ထမ်းထားပါလိမ့်။ ထပ်ဆင့်ပြီး တွေးမိတာ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးရဲ့ပုခုံးပေါ်မှာ ဘယ်လိုဝန်တွေ ရှိနေကြပါလိမ့်နော်။" ဆိုပြီး မွေးနေ့မှာ တွေးခဲ့တဲ့ အတွေးလေးတွေကို သူရဲ့ ဖေ့စ်ဘွတ်မှာ အမှတ်တရတစ်ခုဖြစ်အောင် ရေးသားထားခဲ့ပါတယ်။

သူငယ်တန်းက ဆရာမကြီးနဲ့ တွေ့ဆုံ

 

မွေးနေ့မှာ မန္တလေး ရောက်နေတဲ့ လင်းလင်းဟာ မနက်ခင်းပိုင်း ဘုရားသွားကုသိုလ်ယူခဲ့သလို သူရဲ့ ဆရာမကြီးဆီကိုလည်း သွားရောက် ခဲ့ပါတယ်။ လင်းလင်းဟာ သူ့ရဲ့ အပေါင်းအသင်း မိတ်ဆွေတွေကိုလည်း အချိန်ရရင် ဆရာ၊ ဆရာမကြီးတွေဆီ ဆက်သွယ်ဖို့နဲ့ အဝေးမှာဆိုရင် မိဘတွေဆီ ဖုန်းခေါ်လိုက်ပါဦးဆိုပြီးတိုက်တွန်းထားပါတယ်။ မွေးနေ့ဆုတောင်းပေးထားကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင် တယ်လို့ ဆက်လက်ပြောပြထားပါသေးတယ်။

သူရေးသားထားတဲ့ စာသားလေးတွေကို ဖတ်မိတဲ့ ပရိသတ်တွေအတွက်ရင်ထဲမှာတော့ တစ်ခုခု ကျန်နေခဲ့ကြပါတယ်။ အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူးချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက် နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။

သမီးလေးနှစ်ယောက်နဲ့

လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီး ကိုပိုင်ဆိုင် ထားတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာ သစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က