ဒီဇင်ဘာ(၂၉) ရက်နေ့ပါ။

ဟာသသရုပ်ဆောင်က ဒီဇင်ဘာ(၂၉) ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့ပွဲကို လာရောက်ဖို့အတွက် ပရိသတ်တွေကို ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။

အသက်(၄၄)နှစ်ပြည့် မွေးနေ့တုန်းကပုံ

သူ့ရဲ့ မွေးနေ့ကို ဒီဇင်ဘာ(၂၉) ရက်နေ့ စနေနေ့မှာ သူ့ရဲ့ နေအိမ်တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ အိမ်ရှေ့မှာ ကျင်းပမှာ ဖြစ်တာကြောင့် တစ်နိုင်ငံလုံးက ပရိသတ်တွေ အားလုံးကို ဖိတ်ပါတယ်လို့ ဆိုပါတယ်။

“စနေနေ့ကျွန်တော့်မွေးနေ့မြောက်ဥက္ကလာအဝိုင်းအနီးကျောက်ရေတွင်းတံတားနားကကျွန်တော်အိမ်ရှေ့မှာကျင်းပပါမယ် တစ်နိုင်ငံလုံးကိုဖိတ်ပါတယ်တစ်ဦးခြင်းမဖိတ်နိုင်တာခွင့်လွှတ်ပါ ညနေ ၄ နာရီစတင်ပါမည်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၃) ရက်နေ့ ညက ရေးသားထားတာပါ။

အသက်(၄၄)နှစ်ပြည့် မွေးနေ့တုန်းကပုံ

ဒီနှစ်ဟာ ဒိန်းဒေါင်ရဲ့ အသက်(၄၅)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။အသက်(၄၄) နှစ်ပြည့် မွေးနေ့တုန်းကလည်း မွေးနေ့အလှူကိုအိမ်ရှေ့မှာပဲ ကျင်းပခဲ့တာပါ။အရွယ်ရလာတာနဲ့ အမျှ သည်းခံနိုင်စိတ်တွေ မွေးဖို့ ကြိုးစားနေတယ်လို့လည်း အသက်(၄၄) နှစ်ပြည့် မွေးနေ့တုန်းက ပြောပြခဲ့ဖူးပါတယ်။

'' အရွယ်ရလာတာနဲ့ အမျှ သည်းခံနိုင်စိတ်တွေမွေးဖို့ အရမ်းဒေါသထွက်တာရော၊ စိတ်ကြီးတာရော သည်းခံနိုင်စိတ်တွေမွေးဖို့အတွက် ကြိုးစား နေတယ်၊ ပြင်ဆင်နေတယ်။ ပြီးတော့ အလုပ်ကိုလည်း သိပ်မမက်ဘူးပေါ့။ လုပ်စရာတွေ အများကြီးရှိသေးတယ် ဒီနှစ်တော့ ငါ တက်နိုင် သလောက် ပဲ သွားတော့မယ် ကျန်းမာရေးကလည်းရှိသေးတာကိုး။ စိတ်ကြီးတဲ့ သူကျတော့ သွေးတိုးရင် အရမ်းဒုက္ခရောက်တယ် စိတ်ဆိုးပြေ သွားပြီဆိုရင် ခေါင်းတွေမူးလာတာ။ ဘုရားတည်တယ်၊ ဘိုးဘွားရိပ်သာမဆောက်ရသေးဘူး၊ မိဘမဲ့ကလေးတွေ မွေးစားဖို့အတွက်လည်း ကျန်သေးတယ်'' လို့ဆိုပါတယ်။

အသက်(၄၄)နှစ်ပြည့် မွေးနေ့တုန်းကပုံ

ဒိန်းဒေါင်ဟာ မွေးနေ့ရောက်တိုင်း မိခင်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးဖြစ်သူပါ။ ဒိန်းဒေါင်အတွက်က မိခင်ဟာ အသက်ရှိနေတဲ့ ဘုရားတစ်ဆူလိုပါပဲတဲ့။ မိခင်ကို စိတ်ချမ်းသာအောင်ထားချင်တဲ့ ဒိန်းဒေါင်ရဲ့ စိတ်ဓာတ်ကတော့ လေးစားအတုယူဖွယ်ပါပဲ။ ဒိန်းဒေါင်ဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတာတွေ့ရသလို သူကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားတွေလည်း ရှိလို့နေပါတယ်။

Share

Loading Next Article...
က္က