ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သားငယ်လေး ပြေဓီရတစ်ယောက် သူငယ်ချင်းမွေးနေ့ပွဲကို သွားတဲ့ ဖက်ရှင်လေးက တကယ်ကို ချစ်စရာကောင်းပါတယ်။ ပရိသတ်တွေကလည်း ဖိုးဓီလေးကို အသည်းတယားယားနဲ့ အချစ်ပိုနေကြပါတယ်။
Photo: Eaindrakyawzin Instagram
မေမေ အိန္ဒြာကျော်ဇင်က မွေးနေ့ပွဲသွားမယ့် သားငယ်လေး ပြေဓီရအတွက် ဖက်ရှင်တွေအပြည့် ပြင်ဆင်ပေးနေတာကို တွေ့ရပါတယ်။ မွေးနေ့ပွဲ တက်မယ့် ပြေဓီရရဲ့ ဖက်ရှင်တွေကတော့ မင်းသားရှုံးလောက်ပါတယ်။
‘’ကိုလူပျို သူ့သူငယ်ချင်းမွေးနေ့သွားမို့တဲ့’’ ဆိုပြီးတော့ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ Instagram အကောင့်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညက တင်ခဲ့တာဖြစ်ပါတယ်။ သားငယ်လေး ပြေဓီရကိုချစ်တဲ့ ပရိသတ်တွေကလည်း အသည်းတယားယားနဲ့ Comment ကနေတဆင့် အချစ်တွေ ပိုနေကြတာကို တွေ့ရပါတယ်။
Photo: Eaindrakyawzin Instagram
သူငယ်ချင်းရဲ့ မွေးနေ့ပွဲကို သွားမယ့် ဖိုးဓီလေးက အင်္ကျီအဖြူ ကော်လံ လက်ရှည်၊ နက်ခ်တိုင်၊ ဘောင်းဘီအရှည်၊ ရှုးဖိနပ်နဲ့ ဖက်ရှင်ကျကျ ပြင်ဆင်ထားတာကို တွေ့ရမှာပါ။ ဖိုးဓီရဲ့ ဖက်ရှင်ကို မေမေအူဝဲက စီစဉ်ပေးထားတာပါ။ အဲဒီနောက် မေမေ ပြင်ဆင်ပေးထားတဲ့ မွေးနေ့လက်ဆောင် လေးနဲ့ ကျကျနန မွေးနေ့ပွဲ တက်မယ့် ပုံလေးကလည်း တကယ်ကို ချစ်စရာကောင်းလွန်းလှပါတယ်။
Photo: Eaindrakyawzin Instagram
ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ သားလေး ပြေဓီရ ဟာ အသက် ၃ နှစ်ကျော်လာပြီဖြစ်ပါတယ်။ သမီးကြီး ပြေသုဒ္ဓါကတော့ အသက် ၈ နှစ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ ပြေဓီရဟာ ပျော်ပျော်ရွှင်ရွှင် စစနောက်နောက် နေတတ်တဲ့သူဖြစ်ပြီး ပြေသုဒ္ဓါကတော့ ခပ်အေးအေး နေတတ်သူလေး ဖြစ်တယ်လို့ ပြေတီဦးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Eaindrakyawzin Instagram
အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။
အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ မှာ"ရင်ဘက်ထဲကဓား " ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုတွေ ပိုင်ဆိုုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။