သရုပ်ဆောင် အိချောပိုဟာ အပတ်စဉ် ကျရောက်တဲ့ သူမရဲ့မွေးနေ့တိုင်းမှာ စတုဒီသာအလှူ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ အလှူကို အောင်ဇမ္ဗူတောရကျောင်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။
Photo : အိချောပို FB
သရုပ်ဆောင် အိချောပိုဟာ အပတ်စဉ် ကျရောက်တဲ့ သူမရဲ့ မွေးနေ့တိုင်းမှာ စတုဒီသာအလှူ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ စတုဒီသာ အလှူကို မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရ ပါတယ်။
"ကျေးဇူးရှင် မိဘနှစ်ပါး နှစ်ဖက်အဖိုးအဖွား ခုနှစ်ရက်သားသမီးများအားအမှူးထား၍ အောင်ဇမ္ဗူတောရ ကျောင်းမှာ အပါတ်စဉ်မွေးနေ့တိုင်း စတုဒီသာအလှူကို လှူဒါန်းသွားပါမည်.။ခုနှစ်ရက်သားသမီးများအားလုံး ဘေးအန္တရယ်ကင်းရှင်းပြီး ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ဝကြ ပါစေရှင်" ဆိုပြီး သူမက ဇူလိုင် (၃၁) ရက်နေ့က ပြောထားတာဖြစ်ပါတယ်။
Photo : Amazing Grace
မွေးနေ့တိုင်း စတုဒီသာအလှူပြုလုပ်မယ့် သူမရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေက လေးစားနေကြသလို သူမရဲ့ အလှူကိုလည်း သာဓုခေါ်နေကြပါတယ်။အိချောပိုဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပြီး ပွဲတွေ တော်တော်များများ ကိုလည်း တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သူမပါဝင်ထားတဲ့ "ကြွေ" ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေကြား အောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Photo : Amazing Grace
အနုပညာရှင်တွေကိုယ်တိုင်လည်း သဘောကျခဲ့တဲ့ ကြွေရုပ်ရှင်ကားပိုစတာ
အဲ့ဒီဇာတ်ကားကို ဒါရိုုက်တာ သားညီ ရိုက်ကူးထားပြီး လွှမ်းပိုင်၊ အိချောပိုတို့က အဓိက ပါဝင်ထားတာလည်း ဖြစ်ပါတယ်။ အိချောပိုဟာ မကြာခင်မှာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးမယ့် "သမက်ချဲလင်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရဦးမယ်လို့ သိရပါတယ်။
အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကို တောင်ကြီးမှာ ရိုက်ကူးမှာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြထားပါသေးတယ်။
Photo : Amazing Grace
ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူ အိချောပို တစ်ယောက်ကတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦးဖြစ် ပါတယ်။ အနပညာပျိုးခင်းကနေ အောင်မြင်လာခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ အိချောပိုဟာ ယခုလက်ရှိ မြန်မာပြည်ရဲ့ အောင်မြင်တဲ့ မင်းသမီးစာရင်းဝင်တစ်ယောက်လည်းဖြစ်ပါတယ်။