ပရိသတ်တွေကလည်း သဘောကျခဲ့ကြပါတယ်။

မေတိုးခိုင်လေးကို Crush မိသွားတဲ့ ခံစားချက်ကို ပိုင်ဖြိုးသုက ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ မေတိုးခိုင်ဟာ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမလေးအရင်းတစ်ယောက် ဖြစ်ပါတယ်။

Photo: Zero Page



ပိုင်ဖြိုးသုတစ်ယောက် မေတိုးခိုင်ကို Crush မိသွားပြီလို့ ဝန်ခံပြောပြလိုက်ပါတယ်။ တကယ်တော့ မေတိုးခိုင်လေးရဲ့ အနုပညာကို အားပေးတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ 

‘’Dear Crush music video ကြည့်ပြီး 'မေတိုးခိုင်'လေး ကို crush သွားတယ်တို့ ဘာတို့ ‘’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် မေတိုးခိုင်နဲ့ အောင်မြင့်မြတ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’Dear Crush’’ Music Video လေးကိုလည်း သူ့ရဲ့ Facebook Wall မှာ Share ခဲ့ပါသေးတယ်။ ပိုင်ဖြိုးသုရဲ့ စာသားလေးအပေါ် သဘောကျ ရယ်မောခဲ့ကြတဲ့ ပရိသတ်တွေ၊ အနုပညာရှင်တွေကလည်း အများကြီးပါ။

Photo: ဥက္ကာလေး

မေတိုးခိုင်ဟာ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ တူမအရင်းလေး ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း တီဗီကြော်ငြာတွေ၊ Music video တွေနဲ့ မဂ္ဂဇင်း ကာဗာတွေ ရိုက်ကူးလာရတာကြောင့် ပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အသက်ငယ်ငယ် ချစ်စရာကောင်းတဲ့ ကောင်မလေးဖြစ်တာ ကြောင့်လည်း ယောကျ်ားလေး ပရိသတ်တွေ ပိုမိုပိုင်ဆိုင်ထားသူလေးပါ။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုက လက်ရှိမှာ ‘’ထာဝရနှောင်ကြိုး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသား ဇဏ်ခီနဲ့ တွဲဖက် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးပုံဖော်ထားတာပါ။ သူမဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

Photo: May Toe Khaing

ပိုင်ဖြိုးသုဟာ ဆေးတက္ကသိုလ်ကျောင်းသူဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကိုဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက်ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွားချိန်မှာတော့အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်တွေ ပြန်လုပ်လာခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က