စပါးကတော့ အဆင့်၃နေရာအတွက် ဖိအားများသွားပြီး မန်ချက်စတာယူနိုက်တက်နဲ့အမှတ်တူ အာဆင်နယ်ထက် တစ်မှတ်သာကွာဟနေပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးကြီးပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ပွဲမှာ စပါးနောက်ခံလူ အယ်လ်ဒါဝီရာရဲ့ကိုယ့်ဂိုးကိုသွင်းယူခဲ့တဲ့ဂိုးကြောင့် အဖိုးတန်အနိုင်သုံးမှတ်ရခဲ့ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တိုင်းဟာ အရေးကြီးနေပြီး အကြိတ်အနယ်ယှဉ်ပြိုင် ကစားနေရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ခြေချော်လို့မရနိုင်လောက်အောင်အရေးကြီးချိန်မှာ စပါးလို ထိပ်သီးအသင်းနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်က ကစားသမားတွေကိုဖိအားများစေခဲ့ပါတယ်။ နှစ်သင်းစလုံးအတွက်အရေးပါတဲ့ပွဲဖြစ်ပြီး စပါးကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်ဆုံးရှုံးလို့မရတဲ့ပွဲဖြစ်ခဲ့ပါတယ်။



လီဗာပူးလ်အသင်းက ပွဲချိန် ၁၆မိနစ်မှာ ဖာမီနိုရဲ့ဂိုးနဲ့ဦးဆောင်ခဲ့ပြီး ပထမပိုင်းပြီးချိန်အထိ ၁-ဝဂိုးနဲ့ဦးဆောင်နေပါတယ်။ စပါးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀မှာ လူးကပ်စ်မိုရာက ပြန်လည်သွင်းယူခဲ့ပါတယ်။ လီဗာပူးလ်အတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ မိနစ် ၉၀မှာ ဆာလာရဲ့ခေါင်းတိုက်ဂိုးကို ဂိုးသမားကာကွယ်ရာက ပြန်ထွက်လာတဲ့ဘောလုံးကို နောက်ခံလူ အယ်လ်ဒါဝီရာ ကိုယ့်ဂိုးကိုပြန်လည်သွင်းယူမိခဲ့တာပါ။

ပွဲအပြီးမှာ လီဗာပူးလ်အသင်းက စပါးကို ၂-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်အသင်း မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားထားပြီး ရမှတ် ၇၉မှတ်နဲ့ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ စပါးကတော့ ဒီရှုံးပွဲကြောင့် အဆင့်၃နေရာအတွက် ဖိအားများသွားပြီး မန်ချက်စတာယူနိုက်တက်နဲ့အမှတ်တူ အာဆင်နယ်ထက် တစ်မှတ်သာကွာဟနေပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က