မင်းသမီးချောလေး ခိုင်နှင်းဝေက လက်ရှိမှာ ကျန်းမာရေး မကောင်းဘူးလို့ သိရပါတယ်. ဒါပေမယ့် သူ့ရဲ့ ကျန်းမာရေးကို ဦးစားမပေးပဲ ပရိသတ်တွေစိတ်ချမ်းသာဖို့ကို ဦးစားပေးတတ်သူ တစ်ယောက်ပါ.
Photo: ခိုင်နှင်းဝေ
ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေက ကုသိုလ်ရေး. ဘာသာရေးတွေမှာလည်း အားတက်သရော ဆောင်ရွက်နေသူဖြစ်ပါတယ်. အဲ့ဒီနောက် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်စေဖို့ အနုပညာအလုပ်တွေမှာလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေသူပါ. အခုလည်း နေမကောင်းပေမယ့် ပရိသတ်တွေဆီ အရောက်လာနေပါပြီတဲ့
'' နေမကောင်း အစာအိမ်ပြန်ဖြစ်နေသော်လည်း မန်းလေး သို့ချီတက်ပါပြီနော် '' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် သူ့ရဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် အားပေးစကားပြောခဲ့ပါတယ်.
Photo: ခိုင်နှင်းဝေ
ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက်ပေး ဖြစ်နေ တယ် လို့ သိရပါတယ်။
Photo: ခိုင်နှင်းဝေ
ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။
Photo: ခိုင်နှင်းဝေ
သရုပ်ဆောင် ခိုင်နှင်းဝေက မကြာသေးခင်က ''တုနှိုင်းမရတဲ့ မေတ္တာ'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးခဲ့ပါတယ်။ ဒီ ဇာတ်လမ်းတွဲ ကို ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က ရိုက်ကူးပုံဖော်တာပါ.ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ရန်အောင်၊ နေဒွေး၊ အိစိကွေး၊ မင်းခန့်ညီ၊ ခိုင်နှင်း ဝေ၊ ပိုးအိအိခန့်၊ စိုးမိုးကြည် နဲ့ ဝါဝါအောင် တို့က အဓိက ပါဝင်သရုပ်ဆောင်လျှက်ရှိပါတယ်။