' ထာဝရ နှောင်ကြိုး' ရုပ်ရှင်ကားကြီး ရိုက်ကူးနေတာဖြစ်ပါတယ်။

ပိုင်ဖြိုးသုဟာ ‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေချိန်မှာ ကျန်းမာရေးမကောင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးတာဖြစ်ပါတယ်။

Photo: ထာဝရနှောင်ကြိုး



ပိုင်ဖြိုးသုက ကျန်းမာရေးမကောင်းတဲ့ကြားက ‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့်လည်း သူ့ရဲ့ ဇာတ်ကောင်မပီပြင်မှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

‘’ အရမ်းအေးတဲ့ ဒေသကို သွားရပါတော့မယ်ဆိုမှ ဖျား၊ အာသီးရောင်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ နားကိုက် နေမကောင်းတဲ့အချိန် အကြောက်ဆုံးက သရုပ်ဆောင်မပီပြင်မှာ၊ ကိုယ့်ကြောင့် ရိုက်ကွင်းမှာ သူများတွေ အနှောင့်အယှက်ဖြစ်မှာစိုးတယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်က သူ့ရဲ့ Facebook My Story မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo: ထာဝရနှောင်ကြိုး

‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးကို Central Base ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး မြင်စိုင်းသားအောင်အောင်၊ ရဲနောင်ချို၊ မင်းညို၊ ဂျူးဂျူးကေ၊ ခင်သဇင်နဲ့ ဇူးဇူးဟန်နီထွေးတို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားပါတယ်။

Photo: ထာဝရနှောင်ကြိုး

ပိုင်ဖြိုးသုဟာ ဆေးတက္ကသိုလ်ကျောင်းသူဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကိုဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက်ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွားချိန်မှာတော့ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်တွေ ပြန်လုပ်လာခဲ့တာဖြစ်ပါတယ်။

Photo: Oak Kar Lay

အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာပြီးနောက် ရုပ်ရှင်ဇာတ်ကားကြီး တော်တော်များများ ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီနောက် ပိုင်ဖြိုးသုက ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က