တကယ်ကောင်းတာတဲ့။
ပြေတီဦးကတော့ နေဆန်းရဲ့ ချစ်တီးထမင်းကိုစားပြီး လျှာလည်သွားတာနော်။ အရမ်းကို စားကောင်းတာကြောင့် ပရိသတ်တွေလည်း လမ်းကြုံရင်ဝင်စားကြည့်ဆိုပြီး ပြောထားပါသေးတယ်။ 

Photo : ပြေတီဦး



သရုပ်ဆောင် ပြေတီဦးက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ညီအကိုလိုပေါင်းခဲ့တဲ့ နေဆန်းနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း ပြောထားတာတွေ့ရပါတယ်။ နေဆန်းဖွင့်ထားတဲ့ ချစ်တီးထမင်းဆိုင်သွားပြီး နေ့လည်စာ စားခဲ့သလို လက်ရာကလည်း အရမ်းစားကောင်းတာကြောင့် ပရိသတ်တွေလည်း သွားစားကြည့်ဖို့ ပြောထားပါသေးတယ်။

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ညီအကိုလိုပေါင်းခဲ့တဲ့ အကို ကိုနေဆန်းရဲ့ ချစ်တီးထမင်းဆိုင်မှာ နေ့လည်စာစား..ကောင်းချက်ကတော့ပြောပြလို့တောင်မရ...လမ်းကြုံရင် ဝင်ဆွဲကြည့်လိုက်ပါ အမျိုးတို့ရေ...တကယ်ကောင်းတာဗျို့” ဆိုပြီး မေလ(၂၁)ရက်နေ့က ပြေတီဦးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo ; နေဆန်း

ရုပ်ဆောင် နေဆန်း ကိုယ်တိုင် ဖွင့်ထားတဲ့ ချစ်တီးထမင်းဆိုင်ဟာ တောင်ဥက္ကလာ ပဒေသာလမ်းဆုံ မီးပိုင့်နားမှာ ဖြစ်ပါတယ်။ နေဆန်းဟာ ဇနီးနဲ့အတူ သူ့ရဲ့ဆိုင်မှာ သူကိုယ်တိုင် စားပွဲထိုးအနေနဲ့ လုပ်ကိုင်နေပါတယ်။ ပြေတီဦးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ နေဆန်းနဲ့အတူ ရိုက်ထားတဲ့ ပုံကိုတင်ရင်း ဆိုင်အကြောင်း ပြောထားတာ ဖြစ်ပါတယ်။

Photo : ပြေတီဦး

ပြေတီဦး (Pyay Ti Oo) ဟာ ၁၉၇၈ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားသမီးသုံးယောက်ထဲမှာ အလတ်တစ်ယောက် ဖြစ်ပါတယ်။ ပြေတီဦးဟာ စက်မှုတက္ကသိုလ်ကျောင်းသားဘဝထဲက သရုပ်ဆောင်ပညာကို ဝါသနာပါခဲ့သူပါ။ ၁၉၉၈ ခုနှစ်လောက်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ပြုလုပ်တဲ့ သရုပ်ဆောင်ရွေးချယ်ပွဲ အစီအစဉ်မှာ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် MRTV က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတိုတွေနဲ့ မြန်မာစာမြန်မာစကား အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

အဲဒီနောက် သူ့ကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည် မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာခဲ့ပါတယ်။ ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က