မီမီဝင်းဖေက အဆိုတော် တင်ဇာမော်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ပုထုဇဉ်ဆိုတဲ့ သီချင်းလေးထဲမှာ အမျိုးသမီး အဆိုတော်များစွာနဲ့ အတူ ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။ ထူးခြားတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: Mie Mie Win Pe Facebook
မီမီဝင်းဖေကတော့ ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်အမျိုးသမီးများစွာ ပါဝင်သွားမယ့် အဆိုတော် တင်ဇာမော်ရဲ့ ''ပုထုဇဉ်'' လို့ အမည်ပေးထားတဲ့ သီချင်း MTV ကို ရိုက်ကူးလျှက်ရှိတယ်လို့ သိရပါတယ်။ ဒီသီချင်းလေးမှာတော့ အရွယ်အစုံ အဆိုတော်အမျိုးသမီးတွေ ပါဝင်တာကြောင့် ပရိသတ်အတွက် ထူးခြားမှုရစေမယ်လို့လည်း သူကဆိုပါတယ်။
''တင်ဇာမော် ရဲ့ပုထုဇဉ် သီချင်း ရိုက်ကူးရေးမှာ ထူးထူးခြားခြား မိန်းကလေးအဆိုတော် မျိူးဆက်အစုံ ပါဝင်သရုပ်ဆောင်ဖြစ်ကြပါတယ်။ တစ် ဖွဲ့လုံး စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ထူးခြားလှပါတယ်။ xမျိူးဆက်သစ်အငယ်ကလေးတွေလည်း တင်ဇာမော်ကြီးကို ချစ်ကြ လေးစား ကြတာကို ပြကြလေရဲ့။ အဖွဲ့ထဲမှာကြည့်လိုက်တော့ မီဝင်းဖေနဲ့ကော်နီ အငယ်ဆုံးရှင့်'' ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
Photo: Mie Mie Win Pe Facebook
ဆုန်သင်းနဲ့ သမီးလေးဆီသွားလည်ခဲ့တဲ့ မီမီဝင်းဖေ
ဒီသီချင်းထဲမှာ အဆိုတော်မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ထွန်းအိန္ဒြာဗို၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ Jenny ၊ ခင်စုစုနိုင်၊ မီးနို၊ အေသင်ချို ဆွေ၊ Mary၊ Jewel၊ ပန်းရောင်ခြယ်၊ ပန်းသွေးခြယ်၊ငဲငယ်လေး၊ လမင်းအိမ်၊ပိုပိုဟေသာ၊ ဖူးဖူးသစ်၊ ယွန်း၊ မိုင်းမိုင်ဆိုင်၊ ပိုးမီ၊ ယုဇန၊ ကေ ကေမိုးတို့က ပါဝင်သီဆိုထားကြတာကို တွေ့ရပါတယ်။
Photo: Mie Mie Win Pe Facebook
အဆိုတော် မီမီဝင်းဖေဟာ ဂီတသက်တမ်း နှစ်(၃၀)ကျော်နေပြီဖြစ်ပြီး ယခုလအချိန်ထိ ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားနိုင်တဲ့ အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေ မထွက်ဖြစ်တာ ကြာနေပြီဖြစ်တဲ့ မီမီဝင်းဖေဟာ '' ပန်ဆင်မယ်ဆို''ဆိုတဲ့ တစ်ကိုယ်တော်အခွေထွက်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Photo: Mie Mie Win Pe Facebook
မီမီဝင်းဖေရဲ့ အောင်မြင်တဲ့ သီချင်းတွေကတော့ အများကြီးပါ။ လက်ရှိမှာလည်း အဆိုတော်အသစ်တွေ၊ အောင်မြင်တဲ့ အဆိုတော် တွေကလည်း သီချင်းပုံစံလေးတွေ နည်းနည်းပြောင်းပြီး ပြန်လည်သီဆိုလာကြတာကို တွေ့ရပါတယ်။ မီမီဝင်းဖေဟာ ဂီတအလုပ်တွေထက် သူ့ရဲ့ မိဘတွေကို အနီးကပ်ပြုစုနေရတယ်လို့ သိရပါတယ်။